DVB Logo
Home
မြန်မာသတင်း
အပူလွန်ကဲချိန် ခရမ်းလွန်ရောင်ခြည်ထိတွေ့များသူများ အရွယ်မတိုင်ခင် အတွင်းတိမ်ရောဂါဖြစ်နိုင်
DVB
·
April 3, 2019
အပူလွန်ကဲချိန် ခရမ်းလွန်ရောင်ခြည်ထိတွေ့များသူများ အရွယ်မတိုင်ခင် အတွင်းတိမ်ရောဂါဖြစ်နိုင်
Donate to DVB

နွေရာသီ အပူချိန်အလွန်များတဲ့အချိန် ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့တာများသူတွေ အနေနဲ့ အရွယ်မတိုင်ခင် မျက်စိအတွင်းတိမ်ရောဂါဖြစ်တာ စောတတ်တယ်လို့ မျက်စိရောဂါ အထူးကု ဆရာဝန်ကြီးက ပြောပါတယ်။

အပူရှိန်များလာတဲ့အချိန်မှာ ခရမ်းလွန်ရောင်ခြည်တွေကလည်း နေပူထဲမှာ ပိုများလာ တတ်ပြီး ဒီလိုခရမ်းလွန်ရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မှုများတဲ့ သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မျက်စိကိုထိခိုက်တာတွေလည်း များတယ်လို့ဆိုပါတယ်။

မျက်စိရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်စုခင်က “ခရမ်းလွန်ရောင်ခြည် UV ကို ထိတွေ့တဲ့အခါမှာ မျက်စိမှာ မျက်သားတက်တာနဲ့ အဆိုးဆုံးအနေနဲ့ အမြင်လွှာပေါက်တဲ့အထိ ဖြစ်နိုင်တယ်။  ခရမ်းလွန်ရောင်ခြည် အဆိုးဆုံးထွက်ရှိချိန်က မနက် ၁၀နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်မှာ ထိတွေ့နေရတာဖြစ်လို့ အဲ့ဒီ အချိန်တွေအတွင်း အပြင်ထွက် အလုပ်လုပ်တဲ့ လူတွေအနေနဲ့ သတိပြုသင့်တယ်” လို့ ပြောပါတယ်။

နေပူထဲထွက်တဲ့အခါ မျက်စိမထိခိုက်အောင် နေကာမျက်မှန်တပ်ပြီး ကာကွယ်သင့်တဲ့ အကြောင်းနဲ့ UV အပြည့်အဝကာကွယ်တဲ့ မျက်မှန်မျိုးဖြစ်သင့်တယ်လို့ iQ Vision မျက်မှန်ဆိုင်က တာဝန်ရှိသူ မခိုင်မွန်စိုး က ပြောပါတယ်။

မျက်စိကို ခရမ်းလွန်ရောင်ခြည်မထိတွေ့အောင် ကာကွယ်ခြင်းအားဖြင့် အရွယ်မတိုင်ခင် မျက်စိအတွင်းတိမ်ဖြစ်တာ၊ အမြင်လွှာတွေစောစီးစွာ ပျက်စီးသွားတာတွေကို လျော့ကျစေမှာဖြစ်လို့ ဂရုပြုသင့်တယ်လို့ ဆိုပါတယ်။  

မေစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013