DVB Logo
Home
မြန်မာသတင်း
ကသာထောင်တွင် ထောင်ဝင်စာလာတွေ့သူထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
April 3, 2019
ကသာထောင်တွင် ထောင်ဝင်စာလာတွေ့သူထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ဧပြီ ၂ ရက် ညနေပိုင်းက တရားရင်ဆိုင် နေဆဲ ထောင်ကြီး ချုပ်ကျခံနေသူကို ထောင်ဝင်စာ လာတွေ့သူထံက ပါလာတဲ့ စားသောက်ဖွယ်ရာ အထုပ်ထဲက ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁၊ လူသတ်မှု၊ သက်သေခံပစ္စည်ဖျောက်ဖျက်မှုတွေနဲ့ တရားစွဲဆိုခံရပြီး ကသာအကျဉ်းထောင် ထောင်ကြီးချုပ်မှာ ဖမ်းဆီးခံထားရတဲ့ စိုးမင်းခန့်ဆိုသူထံ ကို ညီအကိုအရင်းတော်စပ်သူ ကျော်ဝင်း (၃၃ နှစ်)က စားသောက်ဖွယ်ရာ လာပို့ရာမှာ အထုပ်ထဲမှာ ပါလာတဲ့ Top Country ပေါင်ဒါဘူးကို တာဝန်ရှိသူတွေက မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ တွေ့ရှိ ခဲ့တာပါ။

Top Country ပေါင်ဒါဘူးကို စစ်ဆေးရာမှာ ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ ဖြူဝါကြားအမှုန့် ၂ ထုပ်၊ အလေးချိန် ၁၅ ဂရမ်ခန့်၊ ကာလတန်ဖိုးကျပ် ၁၅ သိန်းခန့်ရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာအမှုဖွင့် အရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း အင်းတော်မြို့နယ်ကနေ မူးယစ်ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်သား တဦးထံ အမျိုးသမီးတဦးက လာရောက်တွေ့ဆုံပြီး ထမင်းထုပ်ပေးရာမှာ  WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၉၃ ပြားဖမ်းဆီးရမိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်၊ အချုပ်ခန်းတွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတာပါ။

စစ်ကိုင်းတိုင်းမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘိန်းဖြူ ၃၄ ကီလိုဂရမ်ကျော်၊ ဘိန်းမဲ ၂၀၁၄ ကီလိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၅၃ သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရရဲ့  စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013