DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီမရခဲ့ပေမယ့် ပရိတ်သတ်အားပေးခဲ့သည့် ရုပ်ရှင်ကားတချို့ ရုံပြန်တင်မည်
DVB
·
April 3, 2019
အကယ်ဒမီမရခဲ့ပေမယ့် ပရိတ်သတ်အားပေးခဲ့သည့် ရုပ်ရှင်ကားတချို့ ရုံပြန်တင်မည်
1 / 6
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ  အကယ်ဒမီဆုတွေ မရရှိခဲ့ပေမယ့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားခဲ့တဲ့ ရုပ်ရှင်ကားတချို့ကို ခုတပတ်မှာ ပြန်လည်ရုံတင် ပြသသွားဖို့ ရှိနေပါတယ်။

ဒီကားတွေထဲမှာတော့ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိခဲ့ပေမယ့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုတဆုမှ မရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ရုံတင်ပြသချိန်ကတည်းက ပွဲဆူခဲ့တဲ့ ‘မီ’ စတဲ့ ရုပ်ရှင်ကားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မုဒြာရဲ့ခေါ်သံ ဇာတ်ကားကိုတော့ နာမည်ကြီး ဥပါယ်တံမျဉ်ရုပ်ရှင်ကားရဲ့ ဖန်တီးသူ အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသားဇဏ်ခီနဲ့  မျက်နှာသစ်သရုပ်ဆောင် လှယဉ်ကျေးတို့က အဓိကသရုပ်ဆောင်ထားကြတာပါ။

ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်မပြသခင်ကတည်းက နိုင်ငံတကာက ရုပ်ရှင် ပွဲတော်တွေမှာ ဖိတ်ကြားခံရပြီး ဆုတွေအများကြီးရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဒီရုပ်ရှင်ဟာ CayFilm Cayman International Film Festival, Kota Kinabalu International Film Festival, Canadian Diversity International Film Festival, Mexico International Film Festival, Scarlarama Film Festival, Phnom Penh International Film Festival – PPIFF နဲ့ ISENMA Film Festival တွေမှာ official selection အနေနဲ့ ပြသခဲ့ရပြီး Mexico festival မှ Silver Palm award နဲ့ ISENMA မှ အမြင့်ဆုံး Platinum ဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။

လူငယ်ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး ရုံတင်ခဲ့ချိန်ကတည်းက ပွဲဆူခဲ့တဲ့ ‘မီ’ ရုပ်ရှင်ကား ဟာလည်း အကယ်ဒမီဆုတဆုမှ မရရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ တခဲနက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကားကတော့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင် ဆက်လိုက်တာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ  နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။

ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး မင်းသား နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားပါတယ်။

ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေအပြင် တကားလုံး အပိုအလိုမရှိ သေသပ်လွန်း တဲ့ ရုပ်ရှင်ကားတကားဖြစ်တာမို့ ဒီကားနဲ့ အကယ်ဒမီထူးချွန်ဆု တဆုဆုရလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဆုတဆုမှ မရခဲ့ပါဘူး။

ခုပြန်လည် ရုံတင်ပြသမယ့် ရုပ်ရှင်ကားတွေထဲမှာ အကယ်ဒမီထူးချွန်ဆု ၄ ဆုနဲ့ ဆုအများဆုံးရရှိထားခဲ့တဲ့ မုန်းစွဲရုပ်ရှင်ကားလည်း ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013