DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအကြမ်းဖက်အချက်အလက်များ ပေးပို့ရန် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဖိတ်ခေါ်
DVB
·
April 3, 2019
ဘင်္ဂါလီအကြမ်းဖက်အချက်အလက်များ ပေးပို့ရန် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဖိတ်ခေါ်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးထံ ပေးပို့ကြဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကို ထပ်မံစိစစ် အတည်ပြုဖို့  အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်က ဖွဲ့စည်းပြီး မတ်လ ၁၈ ရက်က စတင်ကာ ဆောင်ရွက်နေတာပါ။

ဒါကြောင့် အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထား သက်သေခံချက်တွေ၊ မှတ်တမ်းဓာတ်ပုံစာရွက်စာတမ်း၊ အသံဖိုင်၊ ဗွီဒီယိုဖိုင်တွေကို အီးမေးလ်နဲ့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေပေးပို့ကြဖို့  တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က ဖိတ်ခေါ် ထားပါတယ်။

ပေးပို့ရမှာ ပေးပို့သူရဲ့အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အခြားသက်သေခံကတ်ပြားမိတ္တူပေးပို့ရမှာဖြစ်ပြီး တင်ပြပေးပို့လာတဲ့ အချက်အလက်တွေ ခိုင်လုံမှုရှိစေဖို့ လိုအပ်ပါက စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ တွေ့ဆုံ စိစစ်မှုကို ခံယူရမယ်လို့ ဆိုပါတယ်။

လူကိုယ်တိုင်ထွက်ဆိုချက် ပေးလိုပါကလည်း အောက်ပါလိပ်စာတွေကို ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(က) အီးမေးလ်လိပ်စာ၊ [email protected]

(ခ) စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့လိပ်စာ-

(၁) အုပ်ချုပ်မှုဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်။

(၂) စစ်ဗျူဟာအဖွဲ့(အခြေချ)(ဘူးသီးတောင်)၊ ဘူးသီးတောင်မြို့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013