DVB Logo
Home
မြန်မာသတင်း
ထိုင်းရုပ်ရှင်ရုံများတွင် အောင်ပွဲခံနေသည့် မြန်မာသရဲကား(ရုပ်သံနမူနာ)
DVB
·
April 3, 2019
ထိုင်းရုပ်ရှင်ရုံများတွင် အောင်ပွဲခံနေသည့် မြန်မာသရဲကား(ရုပ်သံနမူနာ)
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာပြည်တွင်းမှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုနဲ့ ရုံတင်ပြသမှု စံချိန်တင်နိုင်ခဲ့တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ကားဟာ လတ်တလော ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ လူကြိုက်များနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြပါတယ်။

သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ထူးထူးခြားခြား ရိုက်ကူးပုံဖော် ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားကို Brave Empire Entertainment က တင်ဆက် လိုက်တာဖြစ်ပြီး မြန်မာပရိသတ်ကြား နာမည်ကြီးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုနဲ့ ၀ိဉာဉ်လောကကြား ဆက်နွယ်မှုတွေကို ပုံဖော် ဖန်တီး ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အားပြိုင်မှုတွေကို ပရိသတ်တွေက သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပုံဖော်ဖန်တီးမှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ခြောက်ခြားစရာကောင်းတဲ့ ဒီလိပ်ပြာစံအိမ်ထဲမှာ ဘယ်လိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိနေခဲ့သလဲ။

ရေနံချောင်းမြို့ဝန်းကျင်ဒေသ အလှအပတွေနဲ့ တမူထူးခြားစွာ ရိုက်ကူးတင်ဆက် ထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ အိမ်အိုဟောင်းကြီး တ လုံးထဲကို ပြောင်းရွှေ့လာခဲ့တဲ့ မိသားစုတစုအကြောင်းကို ဇာတ်အိမ်တည်ထားခဲ့တာ ဖြစ်ပါတယ်။

အိမ်ထောင်ဦးစီးအမျိုးသား၊ ဇနီးဖြစ်သူနဲ့ သမီးလေးတယောက်ပါတဲ့ သူတို့ မိ သားစုဟာ အိမ်အိုကြီးထဲမှာ အစောပိုင်းဓာတ်ပုံရိုက်ကူးမှုနည်းပညာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အများကြီး ချိတ်ဆွဲထားတာကို တွေ့ရတယ်။

ဒီပုံတွေထဲက တပုံကတော့ တစုံတယောက်ရဲ့ ၀ိညာဉ်ပူးကပ်နေသလိုလို ဖြစ်နေခဲ့တယ်။ ထိန်းကျောင်းရခက်ခဲတဲ့ သူတို့ရဲ့ အော်တစ်ဇင်သမီးလေးဟာ အိမ်ထဲကို ပြောင်းလာခဲ့ပြီးနောက်မှာတော့ ပုံစံ ပြောင်းလာခဲ့ပါတော့တယ်။

နေ့ဘက်ကျတော့ တနေကုန်အိမ်နေပြီး ညကျမှ နိုးလာပြီး ဆော့ကစားတယ်။ တယောက်ယောက်နဲ့ ဆော့စကား၊ စကားပြောသလို ထူးဆန်းတဲ့ သ မီးငယ်ရဲ့ အပြုအမူဟာ ဖခင်ဖြစ်သူအဖို့တော့ စိတ်ပူစိုးရိမ်စရာ ဖြစ်နေခဲ့ပေမယ့် မိခင်က တော့ ပြောင်းလဲတိုးတက်လာတဲ့ သမီးငယ်ရဲ့ အခြေအနေအပေါ် ကျေနပ်ပျော်ရွှင်နေပါတယ်။

တကယ်ပဲ အဲဒီလိုပြောင်းလဲလာတဲ့ သမီးငယ်ဟာ သူတို့ရဲ့ သမီးဖြစ်သလားဆို တာကို လှပတဲ့ မြုပ်ကွက်ဇာတ်လမ်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကား Trailer ဟာ ရုံမတင်ခင်ကတည်းက ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာ မျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီး ရုံတင်စံချိန်တင်နိုင်ခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့တာပါ။

Until We Meet Again လို့ နာမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်း ကိုတော့ တေးသံရှင် ခင်ပိုးပန်းချီက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

မိခင်က သမီးကို အိပ်ယာဝင်တေး ဆိုပြနေဟန် ရုပ်ရှင်ဇာတ်လမ်းကျောရိုးနဲ့ လိုက် ဖက်အောင် တေးရေး နေ၀င်းထွန်းနဲ့ မေမျိုးဟန်တို့က ပေါင်းစပ်ဖန်တီးထားခဲ့တဲ့ သီချင်း လေးတပုဒ်ဖြစ်ပြီး နာမည်ကြီး သားချော့တေးကဗျာကို ပုံစံတမျိုးနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013