DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်မှ ပြန်လာသော မြန်မာလုပ်သားများ ယာဉ်တိမ်းမှောက်၊ ၁၂ ဦး ဒဏ်ရာရ
DVB
·
April 3, 2019
တရုတ်ပြည်မှ ပြန်လာသော မြန်မာလုပ်သားများ ယာဉ်တိမ်းမှောက်၊ ၁၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး သင်္ကြန်ပိတ်ရက် အိမ်ပြန်လာကြတဲ့   မြန်မာအလုပ်သမားတစုဟာ ဧပြီ ၂ ရက် မနေ့ညက မူဆယ်မှာ ယာဉ်တိမ်းမှောက်လို့ ၁၂ ဦး ဒဏ်ရာရသွားပါတယ်။

မနေ့ည ၇ နာရီ မိနစ် ၄၀ အချိန် မူဆယ်မြို့နယ်၊ တုန်ခန်ကျေးရွာအဆင်း ရေချောင်းကွေ့နား မှာ ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရသူတွေရှိကြောင်း သတင်းရလို့ တခြားလူမှုကူညီရေးအဖွဲ့တွေ နဲ့အတူ ဒဏ်ရာရသူတွေကို သွားရောက်ကူညီပေးခဲ့တယ်လို့ မူဆယ် ကရုဏာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

“အလုပ်သမားတွေပြန်လာတဲ့ခရီးသည်ကားပေါ့နော်၊ ခရီးသည် ၁၅ ယောက်ပါတယ်။ ၁၂ ယောက်ဒဏ်ရာရတယ်။ အဲဒီထဲမှာ ကားမောင်းသမားလည်းပါတယ်။ နဖူးကွဲ ခေါင်းပေါက်တယ်။ ဒူးကွဲတယ်။ လက်တွေထိခိုက်ဒဏ်ရာရတယ်။ သူတို့ကို မူဆယ်ေ ဆးရုံကြီးဆီ ပို့ထားပေးတာ ၇ ယောက်က အတွင်းလူနာ ၊ ၅ ယောက်ကတော့ အပြင်လူနာ အနေ နဲ့ ကုသမှုခံယူနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ လိုအပ်တဲ့ဆေးဖိုး ၀ါးခတွေလည်း ကျနော်တို့အသင်းက ထောက်ပံ့ပေးထားပါတယ်။ ကားဆရာကတော့ ထွက်ပြေးသွားတယ်ခင်ဗျ။ အရေးယူခံရမှာ စိုးလို့ထင်တယ်။”

အလုပ်သမားတွေလိုက်ပါလာတဲ့ ကားဟာညဘက် ကုန်းအဆင်းမှာ ကားကအရှိန်များပြီး တိမ်းမှောက်သွားတာလို့ ယူဆတယ်လို့ လည်း ဆိုပါတယ်။

ယာဉ်မတော်တဆ ထိခိုက်ဒဏ်ရာရသူတွေဟာ တောင်ငူ၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကဖြစ်ကြပြီး တရုတ်ပြည်ရှိ ဖရဲခင်းတွေမှာ သွားရောက်အလုပ်လုပ်နေ ကြသူတွေဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက် အိမ်ပြန်စဉ် အခုလို ယာဉ်မတော်တဆမှုနဲ့ ကြုံရတာဖြစ်ပြီး အားလုံးဟာ ဒဏ်ရာမပြင်းထန်တဲ့အတွက် သက်ဆိုင်ရာ မိဘဆွေမျိုးတွေနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Thaung Tun

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013