DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ် မိုးသီးများကျရောက်
DVB
·
April 3, 2019
ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ် မိုးသီးများကျရောက်
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ကျေးရွာအုပ်စုမှာ  ဧပြီ ၂ ရက်နေ့ ညပိုင်းက မိုးသီးတွေ အမြောက်အများပါဝင်တဲ့ လေပြင်းတွေ တိုက်ခတ်သွားပါတယ်။

ဆီးသီးလုံးအရွယ်အစား မိုးသီးတွေ စုပြုံကြွေကျခဲ့တာဖြစ်ပြီး မွှေ့လယ်ကျေးရွာအုပ်စုရှိ မွှေ့လယ်၊ ရဲလှ၊ သာစည်၊ ရေရှင်မ၊ မိုးစို စတဲ့ကျေးရွာတွေမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

မွှေ့လယ်ကျေးရွာနေ ဦးအုန်းချိုက "တသက်နဲ့တကိုယ် ဒါမျိုးတခါမှ မကြုံဖူးဘူး။ အသက် ၇၀ ကျော်လူကြီးတွေကအစ မကြုံဖူးဘူးပြောတယ်။ စံချိန်တင်ပဲ။ လေက အစောပိုင်းတိုက်တာ ည ၁၀ နာရီလောက်က။ မိုးသီးကျတာကတော့ ၁၂ နာရီလောက်နေမှာ။ မိုးသီးဘယ်လောက်ပြင်းလဲ၊ များလဲကတော့ အဝေးပြေးလျှပ်စစ်မီးလိုင်းက ကြွေသီးတွေတောင်ကွဲပြီး မီးပြတ်တယ်။ အခု ဒါတွေ လိုက်လုပ်နေကြတာ။"လို့ပြောပါတယ်။

မိုးသီးကြောင့် သစ်ပင်ပေါ်မှာ အိပ်တဲ့ ကြက်၊ ငှက်တွေလည်း သေဆုံးတာတွေရှိခဲ့သလို နေကြာ၊ ကုလားပဲ တွေလည်း ထိခိုက်ပျက်စီးတာတွေရှိပြီး အိမ်တွေထဲကိုလည်း ရေဝင်လို့ ပျက်စီးတာတွေ ရှိပါတယ်။

လက်ရှိ ပျက်စီးမှုအနေအထားကို ကျေးရွာတာဝန်ရှိသူတွေက စာရင်းကောက်ယူနေပြီး သက်ဆိုင်ရာကို တင်ပြနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဘော်ပြင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစာမောင်က "ကျနော်တို့ ရွာမှာတော့ လေကြမ်းတယ်။ ပျက်စီးတာတော့ မရှိပါဘူး။ ညနေ ကတည်းက တိုက်တဲ့လေက ည ၁ နာရီလောက်ထိ ကြာတယ်။ မိုးလည်းပါတယ်။ လူတွေတော့ ဒုက္ခရောက်တာပေါ့။ တခြား ကြီးကြီးမားမား ထိခိုက်ပျက်စီး တာတော့ မရှိပါဘူး။"လို့ ပြောပါတယ်။

မြစ်သာမြစ်ဝှမ်းတလျောက်က ဂန့်ဂေါ၊ ကလေး စတဲ့မြို့နယ်တွေက နေရာ တော်တော်များများ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး  ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိပ်တော့ မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013