DVB Logo
Home
မြန်မာသတင်း
ရခိုင်သံဃာများ စုဝေးဆွေးနွေး
DVB
·
October 18, 2012
Donate to DVB

ရခိုင်ပြည်နယ်ထဲရှိ သံဃာ ၂၀၀ ကျော်တို့ စစ်တွေမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်ပ အန်ဂျီအိုအဖွဲ့တွေကို ရခိုင်ပြည်နယ်သံဃာထုက လက်မခံ ကန့်ကွက်ကြောင်း အပါအ၀င် ဆုံးဖြတ်ချက် ၁၀ ခု ချမှတ်လိုက်ကြပါတယ်။

အစိုးရသံဃအဖွဲ့အစည်းဝင် သံဃာတွေ မဟုတ်တဲ့ ပြည်နယ်တွင်း စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြသူ သံဃာတော်တွေဟာ စစ်တွေမြို့က ဒဃ်ခေါင်းကျောင်းတိုက်မှာ စုဝေးဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆုံးဖြတ်ချက် ၁၀ ခု ချမှတ်နိုင်ခဲ့ကြတယ်လို့ အစည်းအဝေးတက်ရောက်ခဲတဲ့ စစ်တွေမြို့နေ အရှင် ဦးဥာဏက မိန့်ပါတယ်။

“ဆုံးဖြတ်ချက် ၁၀ ခုလောက်ထဲမှာ အဓိက ဆုံးဖြတ်ချက်ကတော့ ရခိုင်လူမျိုးတွေကို အကျိုးမပြုဘဲ ဘင်္ဂါလီတွေ အဓိက အားပေးအားမြှောက်ပြုနေတဲ့ ဒီအဖွဲ့အစည်းတွေကို အဓိက ကန့်ကွက်ရှုတ်ချတယ်၊ လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက် အဓိကပဲလို့” လို့ မိန့်ပါတယ်။

ရခိုင်ပြည်နယ်ထဲရှိ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေက သံဃာတော်တွေ စုဝေးတက်ရောက်ခဲ့ကြပြီး တမြို့နယ်နဲ့တမြို့နယ် အရေးအကြောင်း ပေါ်လာရင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ပြည်နယ်တွင်းရှိ သံဃာတော်တွေ စုဝေးဆွေးနွေးခဲ့ကြတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013