DVB Logo
Home
မြန်မာသတင်း
တည်ငြိမ်မှုရှိမှ ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌပြော
DVB
·
October 18, 2012
တည်ငြိမ်မှုရှိမှ ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌပြော
Donate to DVB

တလကျော်ကြာ ရပ်နားထားတဲ့  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို ဒီနေ့   ပြန်လည်ကျင်းပခဲ့ပြီး တည်ငြိမ်အေးချမ်းမှုရှိမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှလည်း Rule of Law တရားဥပဒေစိုးမိုးမှုရှိမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် အမှီသဟဲပြုနေပြီး အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။ တရားဥပဒေတည်ငြိမ်စိုးမိုးရေးအတွက် တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို မည်သူမဆိုလိုက်နာကြရမည်။ မလိုက်နာသူ၊ ပျက်ကွက်သူ၊ ဖောက်ဖျက်သူကို တည်ဆဲဥပဒေအရ အရေးယူပါမည်။ ဥပဒေအရ အရေးယူရန်ပျက်ကွက်သူ သို့မဟုတ် အဖွဲ့အစည်းကိုလည်း ပြည်သူများ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခွင့် ရှိနေရမည်။”

အခုတကြိမ် ပြန်လည်ကျင်းပတဲ့ လွှတ်တော်ကို တလကြာလောက် ကျင်းပသွားဖို့ရှိပြီး အဓိကအားဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းဖို့ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော် ဘတ်ဂျက် ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013