DVB Logo
Home
Lead Story
တင့်တင့်ထွန်းသီချင်းဖြင့် ညှို့ယူဖမ်းစားနိုင်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် အေးသဇင်မောင် (ရုပ်သံ)
DVB
·
April 2, 2019
တင့်တင့်ထွန်းသီချင်းဖြင့် ညှို့ယူဖမ်းစားနိုင်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် အေးသဇင်မောင် (ရုပ်သံ)
Donate to DVB

“နည်းနည်းလောက် ခဏလေးလောက်… တို့ရဲ့ရင်ခုန်သံတွေ သူနားထောင်… နည်းနည်းလောက် ခဏလေးလောက်… တို့ရဲ့ရင်ခုန်သံတွေ ယူပြီး… ကြာရင် မလွယ် တော့ဘူး”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က မြူးကြွတဲ့ သီချင်းတွေနဲ့ နာမည်ကြီး အဆိုတော်တဦးဖြစ်တဲ့ တင့်တင့်ထွန်းကို ပြေးမြင်မိကြမှာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို မျိုးဆက်သစ် အဆိုတော်ကောင်မလေးတယောက်ရဲ့ သီဆိုဟန်နဲ့ ပရိသတ်တွေက ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ခံစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

“မျက်လုံးမှိတ် အိပ်ကြည့်လိုက်… အိပ်လို့မရအောင် ရင်တုန်နေတဲ့ညတွေ… ဦးနှောက်ထဲ လည်း မင်းကရှိ… စွဲလန်းတဲ့ဒီစိတ် ဖြေဆေးပေးလေ… ရူးသွားနိုင်တယ်ဟေ့… ဟင်း… ရူးသွားနိုင်တယ်ဟေ့… အချစ်လေး ရူးနေပြီ…”

ကြင်နာချင်လွန်းလို့ အမည်ရတဲ့ ဒီသီချင်းဟာ တင့်တင့်ထွန်းသီဆိုချိန်ကတည်းက ပရိသတ် အားပေးမှုရရှိခဲ့တာ ဖြစ်ပြီး ဒီတခါမှာလည်း အားလုံးက လက်ခံအားပေးခဲ့ကြတာကို တွေ့ရပါတယ်။

မြူးကြွတဲ့ သီချင်းသံစဉ်စည်းချက်နဲ့အညီ အနီရောင်ရဲရဲ ၀တ်စုံကို ၀တ်ဆင်ထားခဲ့တဲ့ အေးသဇင်မောင်ဟာ The Voice Myanmar ရဲ့ Blind Audition ကို အောင်အောင် မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“လက်ရှိမင်းကြောင့် တို့လူမိုက်… အားလုံးတားနေလည်း မနေနိုင်ဘူးချစ်တယ်… မိနစ်တိုင်းနဲ့ နေ့ရက်တိုင်း… မင်းနဲ့တွေ့ချင်တော့ ခက်ဘူးလားကွယ်… အချစ်လေးတွေ မင်းနောက်လိုက်… ရူးသွားနိုင်တယ်ဟေ့… ဟင်း... ရူးသွားနိုင်တယ်ဟေ့… အချစ်လေး… ရူးနေပြီ”

ဟန်ပါပါ မြူးမြူးကြွကြွ သီဆိုနေချိန်အတွင်းမှာပဲ Coach ၄ ယောက်ဖြစ်တဲ့ R.ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်၊ နီနီခင်ဇော်တို့ အားလုံးက လှည့်ကြည့်ခဲ့ကြချိန်မှာတော့ ပရိသတ်တွေ ကလည်း အော်ဟစ်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

သီချင်းအဆုံးမှာတော့ Blind Audition ရဲ့ ထုံးစံအတိုင်း Coach ၄ ယောက်ထဲက တဦးကို ရွေးချယ်ရတာဖြစ်ပြီး သူကတော့ နီနီခင်ဇော်ကို ရွေးချယ်ခဲ့ပါတယ်။

မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီ ရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။

မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင်ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။

ခုလက်ရှိကျင်းပနေတဲ့ Blind Audition ပြိုင်ပွဲကို နောက်ဆုံးသီတင်းပတ်အဖြစ် ကျင်းပ ခဲ့တာဖြစ်ကာ အဆိုစွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများအပြားပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013