DVB Logo
Home
မြန်မာသတင်း
ကသာတရားရုံး၌ အချုပ်သားကို လာတွေ့သည့် အမျိုးသမီးထံက စိတ်ကြွဆေးများဖမ်းမိ
DVB
·
April 2, 2019
ကသာတရားရုံး၌ အချုပ်သားကို လာတွေ့သည့် အမျိုးသမီးထံက စိတ်ကြွဆေးများဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ဧပြီ ၁ ရက်နေ့ နေ့လည်ပိုင်းက တရားရုံးထုတ် အချုပ်သားတဦးကိုလာတွေ့တဲ့ အမျိုးသမီးတဦးရဲ့ ထမင်းထုပ်အတွင်း ဝှက်ပြီးယူလာတဲ့ စိတ်ကြွ မူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

အင်းတော်မြို့နယ်ကနေ မူးယစ်ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်သား တေဇာထွန်း (၂၆ နှစ်)ထံကို အင်းတော်မြို့နယ်၊ ဆည်ရွာကျေးရွာက ဒေါ်ဝင်းစိန် (၄၆ နှစ်)က လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်ဝင်းစိန်က အချုပ်သားကို ထမင်းထုပ်ပေးရာမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ထမင်းထုပ်ကို စစ်ဆေးရာကနေ WY စာတမ်းပါ ပန်းေ၇ာင်စိတ်ကြွဆေးပြား ၁၉၆ ပြားပါ ၁ ထုပ်၊ ၁၉၇ ပြားပါ ၁ ထုပ်၊ ၂၀၀ ပြားပါ ၁ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၅၉၃ ပြား၊ ကာလတန်ဖိုး ၂၉၆၅၀၀၀ ကျပ်တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေဆဲဖြစ်ကာ ကွင်းဆင်းတရားခံဖော်ထုတ်ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ကသာမြို့မရဲစခန်းက မယ(ပ)၂၈/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ တို့အရ အမှုဖွင့် အရေးယူနေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013