DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ သိုး​မွေးစက်ရုံ၌ သရဲဝင်​ပူးသည်​ဆိုကာ အလုပ်သမများ သတိလစ်၍ ဆေးရုံပို့ဆောင်
DVB
·
April 2, 2019
ပုသိမ်မြို့ သိုး​မွေးစက်ရုံ၌ သရဲဝင်​ပူးသည်​ဆိုကာ အလုပ်သမများ သတိလစ်၍ ဆေးရုံပို့ဆောင်
1 / 6
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုဇုန်ရှိ သိုး​မွေးစက်​ရုံမှာ ဧပြီ ၂ ရက်​​ ဒီကနေ့ မနက်ပိုင်းက  စက်ရုံ အလုပ်သမ ၂၃ ဦးဟာ သရဲဝင်​ပူးတယ်​ဆိုပြီး ​အော်ဟစ်သတိလစ်ခဲ့တာ​ကြောင့် ဆေးရုံသို့ ပို့ဆောင်​ခဲ့ရပါတယ်​။

ပုသိမ်​စက်​မှုဇုန်​အတွင်းက မြန်​မာနစ်တင်းဇက်ထရီ သိုးမွေးစက်​ရုံက အလုပ်သမတဦး အိမ်သာ အပြန်မှာ အော်ဟစ်လိုက်တာကြောင့် ကျန်တဲ့ အမျိုးသမီးတွေပါ လန့်ပြီး သတိလစ်တာနဲ့ တက်တာတွေ ဖြစ်ကုန်တယ်လို့ မျက်​မြင်​​တွေ့ရှိသူ​တွေက​ ပြောပါတယ်​။

“မူးတာတွေ သတိလစ်တာတွေပေါ့၊ တချို့ဆို အံတွေကြိတ်နေတာ တွေရှိတယ်။ အကုန်လုံးကိုတော့ ဆေးရုံကိုပို့ပေးနေပါတယ်"လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်း ရုံးအဖွဲ့ဝင် ကိုအောင်ထက်ပိုင် က​ ပြောပါတယ်​။

အလုပ်သမားတွေ သတိလစ်မူးလဲ၊ ငိုယိုအော်ဟစ် နေတဲ့အတွက်​ စက်​ရုံတာဝန်ရှိသူ​တွေနဲ့ ရဲတပ်ဖွဲ့ဝင်​​တွေ လာ​ရောက်​ကြည့်ရှုခဲ့သလို ဘုန်းကြီး​တွေပင့်ဆောင်​ပြီး တရားနာယူခဲ့ တယ်​လို့ သိရပါတယ်​။

အလုပ်သမတွေကို​တော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်း ဒေသကြီး)က လူနာတင်ယာဉ် ၁၀ စီးနဲ့ အခြားပရဟိတလူမှုအဖွဲ့အစည်း​တွေက လူနာတင်ယာဉ်​ ​တွေနဲ့ ပုသိမ်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

မြမင်းဦး(ပုသိမ်​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013