DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံအရေး နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးမချရန်သတိပေး
DVB
·
April 2, 2019
မြစ်ဆုံအရေး နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးမချရန်သတိပေး
Donate to DVB

ပြည်ထောင်စုသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဧရာဝတီရဲ့ အရေးကိစ္စကို လူတဦးတယောက်၊ အဖွဲ့တခုကနေ မဆုံးဖြတ်သင့်ဘူးလို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကနေ သဘောထားထုတ်ပြန်ပါတယ်။

မနေ့က ရန်ကုန် နာရေးကူညီမှုအသင်းခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးကနေ သဘောထား ထုတ်ပြန်လိုက်တာပါ။

ဒီအစည်းအဝေးကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ကိုတာ၊ စာရေးဆရာမ ဂျူးတို့ တက်ရောက်ဟောပြောဆွေးနွေးခဲ့ပြီး နိုင်ငံတဝန်းက အဖွဲ့အစည်း ၂၀ ကျော်လည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံရေး အကျပ်အတည်းတွေကို ထွက်ပေါက်အဖြစ် အသုံးချဖို့နဲ့  နိုင်ငံရေး ရည်ရွယ်ချက်တခုခုကို အကောင်အထည်ဖော်ဖို့အတွက် မြစ်ဆုံစီမံကိန်းကို အကောင်အထည် မဖော်ဖို့လည်း ဒီအစည်းအဝေးကနေ သက်ဆိုင်သူတွေကို တင်းတင်းကြပ်ကြပ် သတိပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သဘာဝသယံဇာတအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲရာမှာ မဟာဗျူဟာကျကျ ခန့်ခွဲစီမံဖို့၊၊ အနာဂတ်လူမှုဘဝတွေကို မထိခိုက်အောင်နဲ့ အနာဂတ်လူသား အရင်းအမြစ်တွေရဲ့ အကျိုးစီးပွားကိုထည့်တွက်ဖို့လည်းမြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့လုပ်နေသူအားလုံးကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားတိုင်းပြည်တွေနဲ့ စာချုပ် ချုပ်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေရေး အထူးဂရုပြုဖို့နဲ့ အမိနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို အကျပ်ကိုင် ခြိမ်းခြောက်ထားနိုင်တဲ့ စာချုပ်တွေ မချုပ်ဆိုမိစေဖို့လည်း သတိပေးလိုက်ပါတယ်။

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အပါအဝင် လက်ရှိဒီမိုကရေစီခရီးလမ်းဟာ ထိခိုက်ပျက်စီးတာနဲ့ မလွဲမသွေ ကြုံရမယ်လို့လည်း ကြေညာပါတယ်။

ဒီအစည်းအဝေးကနေ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကော်မတီ အလုပ်အဖွဲ့ တခုကိုလည်း မနေ့က ဖွဲ့စည်းခဲ့ပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့ စီမံကိန်းဖြစ်ပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်ကို အရင်အစိုးရတွေက ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် အခု အစိုးရက လည်း ဒီစာချုပ်ကို တာဝန်ခံတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကာလ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာတော့ အန်အယ်ဒီအနေနဲ့ အစိုးရ တာဝန်ယူပြီးရင် မြစ်ဆုံစာချုပ်ကို အရင်ဆုံးတင်ပြမယ်လို့ ပြောခဲ့ဖူးပါတယ်။

အခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲခရီးတွေမှာ မြစ်ဆုံ အပါအဝင် စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကြဖို့၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်၊ နိုင်ငံကို ကမ္ဘာက ယုံကြည်မှုရဖို့အတွက် စကားတည်ဖို့လိုတယ်လို့ ပြောဆို ထားပါတယ်။

တရုတ်သံအမတ်ကလည်း ကချင်ပြည်နယ်ကိုသွားရောက်ကာ  မြစ်ဆုံစီမံကိန်းကိစ္စ ကချင်နိုင်ငံရေးပါတီတွေနဲ့ သြဇာကြီးတဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို တိုက်တွန်းတာတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013