DVB Logo
Home
မြန်မာသတင်း
အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
April 1, 2019
အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Donate to DVB

အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင်ဆိုင်တဲ့ မြေကွက်မှာ မြေဖို့ပေးရတာ၊ အဲဒီ မြေကွက်မှာ အိမ်ဆောက်ပေးတဲ့ အင်ဂျင်နီယာကို ငွေပေးဖို့အတွက် ဖုန်းဆက်တောင်းခံလာတာကြောင့် ဦးသံဒိုင်ပေးတဲ့ ဘဏ်စာရင်းထဲကို ငွေထည့်ပေးခဲ့ရပြီး ဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့အကြား အငြင်းပွားတာဖြစ်လာမှ ပြန်ပေးခဲ့တာကို အရေးယူဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားလာတာလို့ ဆိုပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ၂၀၁၄ ခုနှစ်တုန်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းက မြေကွက်မှာ မြေဖို့ကုန်ကျငွေ ကျပ် ၃၂ သိန်းကျော်ကို ပေးခိုင်းတာ၊ ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလမှာ မိသားစုနဲ့အတူ ငပလီကမ်းခြေကို အပန်းဖြေခရီးသွားရာမှာ ဟိုတယ်အခန်းခ ငွေကျပ် ၄၂ သိန်းကျော်ကို ပေးချေခိုင်းတာတွေ ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး ဝန်ဆောင်ခနဲ့ တရားမဝင်တဲ့ တခြား အကျိုးခံစားခွင့် တွေ ရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းမှာ ဒီနေ့ပဲ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013