DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပ
DVB
·
October 18, 2012
လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ဒေသခံ တောင်သူတွေနဲ့ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ်တွေက ပြည်သူ့ညီလာခံတရပ်ကို ဒီနေ့မနက် စတင် ကျင်းပနေပါတယ်။

ဆားလင်းကြီးမြို့နယ် ဆည်တည်းကျေးရွာမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ရည်ရွယ် ကျင်းပနေတာပါ။

လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံကို ဒေသခံတောင်သူတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ကျောင်းသားတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_32077" align="alignright" width="300" caption="ညီလာခံ ကျင်းပနေစဉ် (ဓာတ်ပုံ - အောင်နေမျိုး)"][/caption]

၂ ရက်ကြာကျင်းပနေတဲ့ ဒီလူထူအစည်းဝေးနဲ့ပတ်သက်ပြီး ဆည်တည်းရွာ ဦဇင်း ဦးနန္ဒာစာရက “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ အဆိုတင်သွင်းတယ်၊ ပြီးတော့ ထောက်ခံတယ်။ နောက် ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာတွေ ရပ်ဆိုင်းဖို့ကို အဆိုတင်သွင်းတယ်၊ ထောက်ခံတယ်။ နောက် ဘင်္ဂါလီတွေ ရခိုင်မှာ တရားမ၀င်ဝင်ရောက်တဲ့ကိစ္စတွေလည်း ဆွေးနွေးတင်ပြတယ်။ နောက် လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်တဲ့ ကဗျာတွေရွတ်တယ်” လို့ မိန့်ပါတယ်။

ထင်ရှားတဲ့ ကဗျာဆရာကြီး ဒဂုန်တာရာက ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ညီလာခံကို ထောက်ခံကြောင်းနဲ့ ကြေးနီစီမံကိန်းကို ကန့်ကွက်တယ်လို့ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

မုံရွာက ကဗျာဆရာအံ့မောင်က “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ပြီး ရွတ်ဆိုတဲ့ ကဗျာတွေကတော့ ပရိသတ်တွေက အင်တိုက်အားတိုက်နားလည်ပြီး အားပေးကြတာ ကြားခဲ့ရပါတယ်။ ကျနော်က ရိုးရိုးလေးပဲ ပြောခဲ့ပါတယ်။ ခင်များတို့ ဒီစီမံကိန်းကို နည်းနည်းလေး ဖျက်သိမ်းပစ်စေချင်သလား၊ လုံးဝဖျက်သိမ်းစေချင်သလား ဆိုတော့ ပရိသတ်က လုံးဝဖျက်သိမ်းစေချင်တယ်လို့ တသံတည်း ဖြေကြပါတယ်။

“ကျနော်လည်း အသက် ၈၀ ရှိပြီ၊ လှုပ်ရှားမှုတွေအမျိုးမျိုးလည်း ပါဝင်ခဲ့တယ်။ အဲလှုပ်ရှားမှုအမျိုးမျိုးမှာ လက်ပန်းတောင်းတောင်ဒေသမှာ ရှိတဲ့ ကျေးလက်လူထုတွေရဲ့ တက်ကြွမှုလောက် အင်အားကောင်းတာ မတွေ့ဖူးပါဘူး။ သူတို့ကတော့ ကြေးနီစီမံကိန်းကို မပျက်ပျက်အောင် ဆောင်ရွက်ကြမယ်လို့ ကနေ့ အဓိဋ္ဌာန်ပြုကြပါတယ်။”

မိတ္ထီလာ အခြေစိုက် လူထုအကျိုးပြုဆောင်ရွက်နေတဲ့ ဒေါ်မြင့်မြင့်အေးက “မနက်ခင်းပိုင်းနဲ့ နေ့လယ်ပိုင်း ၂ ပိုင်း။ နောက်နေ့တွေလည်း မနက်ခင်းနဲ့ ညနေပိုင်းလုပ်မယ်။ မနက်ခင်းပိုင်းကတော့ လယ်သမားတွေ စာတမ်းတွေဖတ်တာနဲ့ အဆိုတင်သွင်းတဲ့လူနဲ့၊ တိုင်းရင်းသားတွေ ကချင်၊ ရခိုင် သူတို့ရဲ့ ဆန္ဒတွေနဲ့ နံပါတ်တစ် ဦးစားပေး လက်ပန်းတောင်းတောင်ကိစ္စကို ပြောသွားတာ” လို့ ဆိုပါတယ်။

တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေနဲ့  အငြင်းပွားနေခဲ့တာပါ။
ဒီနေ့ ကျင်းပတဲ့ လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံကို ပြည်ပရောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကလည်း ထောက်ခံကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013