DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ကျွန်းသစ်ခုတ်ယူသည့် ကုမ္ပဏီနှင့် တောင်သူ ၂ဦးကို တရားစွဲ
DVB
·
April 1, 2019
တရားမ၀င်ကျွန်းသစ်ခုတ်ယူသည့် ကုမ္ပဏီနှင့် တောင်သူ ၂ဦးကို တရားစွဲ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ခွင့်ပြုချက်မရှိဘဲ ကျွန်းသစ်ခုတ်ယူမှုကြောင့် ဒေသခံတောင်သူ ၂ဦးနဲ့  ကုမ္ပဏီကို သစ်တောဦးစီးဌာနက တရားစွဲလိုက်ပါတယ်။

ကသာမြို့နယ်၊ သာယာကုန်းကျေးရွာအနီး ပုံစံ ၇ ရှိတဲ့ ယာခင်းထဲ ပေါက်ရောက်နေတဲ့ ကျွန်းသစ်ပင်ကြီးတွေကို သစ်တောဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ခုတ်လှဲတာကို ဒေသခံတွေက တိုင်တန်းခဲ့တဲ့အတွက် မတ်လ ၃၁ ရက်နေ့က သစ်တော၊ ရဲ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာပါ။

အခုလိုဖမ်းဆီးရာမှာ လူတွေကတော့ ထွက်ပြေးသွားခဲ့ပြီး လုံးပတ် ၁၀ ပေအထက် ကျွန်းသစ်တွေအပါအဝင် အလုံး၊ အခြမ်းစုစုပေါင်း ၃.၆၉၂ တန်၊ တာယာဘီးတပ် မြေထိုးကား ၁ စီး၊ ထွန်စက် ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကနဦး စစ်ဆေးမေးမြန်းချက်အရ ဂရမ်းရဲထွဋ်ကုမ္ပဏီ က တစ်ရှူး ငှက်ပျောစိုက်ပျိုးရန်အတွက် ပုံစံ ၇ ရှိတဲ့ တောင်သူ ၇ ဦးထံကနေ ၃၄ ဧကကို ငှားရမ်းခဲ့ပြီး မြေရှင်းလင်းတာလို့ ကသာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှုး ဦးတင်ထန်းက ပြောပါတယ်။

“အခုတော့ အမှုဖွင့်ခိုင်းထားတယ်။ ဥပဒေအသစ်အရပေါ့ ဘယ်နေရာဖြစ်ဖြစ် ဌာနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ ကျွန်းသစ်ကို ခုတ်ရင် သစ်တောဥပဒေပုဒ်မ ၄၃ (ဂ)နဲ့ပေါ့။ ပုံစံ ၇ ပေါက်တဲ့မြေမှာ တားမြစ်သစ်ကို ခွင့်ပြုချက်မရှိဘဲ ခုတ်လှဲတာပေါ့။ ကုမ္ပဏီကပြောတာတော့ မူလတောင်သူတွေက သူတို့သုံးစွဲဖို့ဆိုပြီး သူ့ဟာသူ ခုတ်သွားတယ်ပေါ့။ တောင်သူတွေကတော့ ခေါ်တာမလာဘူး။ အခုအမှုဖွင့်တာကတော့ တောင်သူ ဦးသောင်းတင်၊ ဦးစိုးသူ ရယ် ပြီးတော့ ကုမ္ပဏီရယ်ပေါ့။”

ကျွန်းသစ်တွေအပြင် ကျွန်းသစ်ခုတ်လှဲရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ တာယာ ဘီးတပ် မြေထိုးကား ၁ စီးကိုလည်း မြို့နယ်သစ်တောဦးစီးဌာနက သက်သေခံအဖြစ် သိမ်းဆည်း ထားပါတယ်။

ကသာမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း အခုလို ကျွန်းသစ်တရားမဝင်ခုတ်ယူ တာတွေနဲ့ ပတ်သက်လို့ သစ်တောဥပဒေပုဒ်မ ၄၃ အရ အမှုဖွင့်ထားတာ ၇ မှုထက်မနည်း ရှိပြီလို့လည်း သိရပါတယ်။

“အခုအခုတ်ခံရတဲ့ ကျွန်းပင်တွေက ရွာနဲ့ ၄ ဖာလုံလောက်ရှိပြီ။ သူတို့က အလုပ်စလာလုပ်တာက မတ်လ ၂၆ ရက်နေ့က စလုပ်တာ။ ဒီနေ့ တာဝန်ရှိသူတွေ သွားဖမ်းတော့ ကျွန်းသစ်တချို့ကတော့ တိုက်ပြီးကုန်ပြီ။ ယာခင်းရှင်တွေမေးကြည့်တော့ ငှားပြီးနောက်ပိုင်း မသွားတော့ဘူး။ မသိဘူးလို့ ပြောတယ်။”လို့ ကျေးရွာတာဝန်ခံ ဦးဖိုးလုံးကလည်း ပြောပါတယ်။

ဂရမ်းရဲထွဋ်ကုမ္ပဏီက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အနီးမှာ ရွှေပဲသီး (ခ) ပဲပုပ်ကြီးနဲ့ သီးနှံမျိုးစုံ အအေးပေးပန်းစက်ရုံကို မတ်လ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ ကချင်ပြည်နယ်မှာ ဧက ၃၀၀၀၊ စစ်ကိုင်းတိုင်းမှာ ဧက ၅၀၀၀ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုမိန့်ရရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013