DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင် ထောင်ဝင်စာ အဆောင်သစ် (ဓာတ်ပုံ)
DVB
·
April 1, 2019
အင်းစိန်ထောင် ထောင်ဝင်စာ အဆောင်သစ် (ဓာတ်ပုံ)
1 / 5
Donate to DVB

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှာ မိသားစုဧည့်သည်တွေ့ဖို့ တန်းစီစောင့်ဆိုင်းရတဲ့ အချိန် လျော့ချနိုင်ရေးအတွက် မိသားစုတွေ့ဆုံမှုစာရင်းသွင်းတဲ့စနစ်ကို ကွန်ပျူတာစနစ် ပြောင်းလဲခဲ့သလို မိသားစုဝင်တွေ နားနေဆောင်နဲ့ တွေ့ဆုံခန်းတို့လည်း အသစ်ဆောက်လုပ်ပြီးစီးတော့မယ်လို့ အိုင်စီအာစီက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းသား ၁၂,၀၀၀ ကျော် ထိန်းသိမ်းထားပြီး အိုင်စီအာစီ က ဆောင်ရွက်ပေးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးပါက အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေနဲ့ တွေ့ဆုံနိုင်မယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်ထဲ မိဘတွေက လာရောက်တွေ့ဆုံနေရတာ အနှစ် ၂၀ ရှိပြီဖြစ်တဲ့ အကျဉ်းသူ မရီရီစိုးက "သူတို့က အသက်ကြီးပြီဆိုတော့ တလတခါပဲလာဖို့ ပြောထားရတယ်။ သူတို့က ကျမကို အဆင်ပြေရဲ့လားလို့ အမြဲမေးပါတယ်" လို့ ရှင်းပြပါတယ်။

ထောင်ဝင်စာလာတွေတဲ့ မရီရီစိုးရဲ့ မိဘတွေက "ကျနော်တို့က အသက်ကြီးလာပြီ၊ မျက်စိတွေ နားတွေကလည်း သိပ်မကောင်းတော့ဘူး။ ဧည့်တွေ့ခန်းအသစ်တွေက အလင်းရောင်တွေ၊ လေဝင်လေထွက်တွေ ပိုကောင်းလာတယ်။ အဲဒီတော့ သမီးကို တွေ့တဲ့အခါမှာ ပိုကောင်းတဲ့ အနေအထားလေးနဲ့ တွေ့ရတာပေါ့" လို့ ပြောပါတယ်။

အကျဉ်းထောင်တွင်း အခြေခံအဆောက်အအုံ ပြန်လည်ပြုပြင်မွမ်းမံပေးနေတာ ၂၀၁၉ ခုနှစ် မေလမှာ အပြီးသတ်ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဓာတ်ပုံ- ICRC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013