DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင် စံပြငါးဈေးက ငါးတောင်းထမ်းလုပ်သားများ ဆန္ဒပြ
DVB
·
April 1, 2019
ကြည့်မြင်တိုင် စံပြငါးဈေးက ငါးတောင်းထမ်းလုပ်သားများ ဆန္ဒပြ
1 / 4
Donate to DVB

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်ရှိ၊ စံပြငါးဈေးမှာလုပ်ဆောင်နေတဲ့ ခိုးဆိုးလုနှိုက် ပပျောက်ရေး၊ တရားမဝင်လုပ်သားလျော့နည်းရေး စီမံချက်နဲ့ပတ်သတ်ပြီး တရားဝင် ငါးတောင်း ထမ်းတဲ့ လုပ်သားတွေက ဧပြီ ၁ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ပြခဲ့ကြပါတယ်။

အင်အား၂၀၀ ဝန်းကျင်လောက်ရှိတဲ့ လုပ်သားတွေဟာ ဗီနိုင်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အချက် ၇ချက် ကိုကြွေးကြော်တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုဇော်မင်းထိုက်က “ဆန္ဒပြရတဲ့အကြောင်းရင်း ကတော့ ခိုးဆိုးလုနှိုက် ပပျောက်ရေး၊ တရားမဝင်လုပ်သား လျော့နည်းရေး စီမံချက်နဲ့ လုပ်တဲ့ နေရာမှာ ပြင်ပက တရားမဝင်လုပ်သားတွေပါဝင်နေတဲ့အချက်ရယ်၊ ငါးလှည်းဆွဲတဲ့ လုပ်သားတွေ ကို ကျနော်တို့ ဌာနကို မထည့်ပေးဖို့ အခုလို ဆန္ဒပြရတာပါ”လို့ပြောပါတယ်။

ငါးတောင်းထမ်းတဲ့ဌာနမှာ တရားမဝင်လုပ်သားတွေ လုပ်ခွင့်ပေးတဲ့အတွက် တရားဝင် အလုပ်သမားကတ် ရထားတဲ့ လုပ်သားတွေအနေနဲ့ ဝင်ငွေ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

အလုပ်သမားကိုထွန်းလင်းက “အရင်က ကျနော်တို့ တရက်ကို ကုန်ရတဲ့ပေါ်မူတည်ပြီး ကျပ်နှစ်သောင်းဝန်းကျင်လောက် ဝင်ငွေရှိတယ်။ ခု လုပ်သားတွေ အရမ်းများလာတော့  တသောင်း လောက်ပဲ ရတော့တယ်” လို့ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တိုင်းအစိုးရကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုင်စာပို့ထားပြီး ထူးခြားမှု မရှိရင် ထပ်မံဆန္ဒဖော်ထုတ်ဖို့ အလုပ်သမားတွေက  စီစဉ်နေပါတယ်။

သတင်း၊ဓာတ်ပုံ- ချမ်းမြေ့မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013