DVB Logo
Home
သတင်းတို
အရန်ဆန် တင်း ၁၀၀ ကို ၃ သိန်း ၃ သောင်းဖြင့် ၀ယ်ပေးရန် တောင်းဆို
DVB
·
October 18, 2012
အရန်ဆန် တင်း ၁၀၀ ကို ၃ သိန်း ၃ သောင်းဖြင့် ၀ယ်ပေးရန် တောင်းဆို
Donate to DVB

လာမယ့် နိုဝင်ဘာမှာ အစိုးရနဲ့ ဆန်လုပ်ငန်းအသင်းက နိုင်ငံတော်အရန်ဆန်တွေကို ၀ယ်ယူတဲ့အခါ အခြေခံဈေး တင်း ၁၀၀ ကို ကျပ် ၃သိန်း ၃ သောင်း သတ်မှတ်ပေးဖို့နဲ့ လယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူဖို့ တောင်သူလယ်သမားအသင်းက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းအသင်း အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အစိုးရပေးတဲ့ ကျပ်ငွေ ၁၀ ဘီလီယံ၊ ပုဂ္ဂလိက ထည့်ဝင်ငွေ ၄ ဘီလီယံ စုစုပေါင်း ၁၄ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ဒီနှစ်မှာ ပိုပြီး ၀ယ်ယူဖို့ သဘောထားရှိပေမယ့် အစိုးရက ပေးတဲ့ ငွေကြေးပမာဏ အပေါ်မှာပဲ မူတည်မယ်လို့်ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ အရန်ဆန် ၀ယ်ယူတဲ့အခါ ကြမ်းခင်းဈေးနှုန်း ဘယ်လောက် သတ်မှတ်မယ်၊ ဘယ်လောက် ပမာဏဖိုးအထိ ၀ယ်ယူမယ်၊ လယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူမလား၊ ကိုယ်စားလှယ်ထားမလား စတာတွေကို အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ် ကြေညာသွားမယ်လို့ ဒေါက်တာစိုးထွန်းက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013