DVB Logo
Home
မြန်မာသတင်း
ရင်ဂိုသီချင်းကို R ဇာနည်အသံဖြင့်သီဆို၍ ကျားပေါက်ကိုရွေးလိုက်သည့် The Voice Myanmar ပြိုင်ပွဲဝင် ခိုင်ဈာန် (ရုပ်သံ)
DVB
·
April 1, 2019
ရင်ဂိုသီချင်းကို R ဇာနည်အသံဖြင့်သီဆို၍ ကျားပေါက်ကိုရွေးလိုက်သည့် The Voice Myanmar ပြိုင်ပွဲဝင် ခိုင်ဈာန် (ရုပ်သံ)
Donate to DVB

The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့  Blind Audition နောက်ဆုံး သီတင်းပတ်မှာ ပြိုင်ပွဲဝင် ခိုင်ဈာန်က ‘ကံကောင်းခြင်းလက်ဆောင်’သီချင်းကို အသံပါဝါ အားကောင်းကောင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး  Coach လေးဦးစလုံးကို ဖမ်းစားသွားနိုင်ခဲ့ ပါတယ်။

ပြိုင်ပွဲဝင် ခိုင်ဈာန်ဟာ မန္တလေးမြို့ကနေ လာရောက် ယှဉ်ပြိုင်တာဖြစ်ပြီး အဆိုတော် ရင်ဂို   ရဲ့ သီချင်းနဲ့ ယှဉ်ပြိုင်သွားရာမှာ ရင်ဂိုရဲ့ သားဖြစ်သူ ကျားပေါက်က အရင်ဆုံး လှည့်ကြည့်ခဲ့ပြီး ကျန်တဲ့ဒိုင်တွေဖြစ်တဲ့ ရန်ရန်ချမ်း၊ Rဇာနည်နဲ့ နီနီခင်ဇော်တို့ကလည်း ဆက်တိုက်လှည့်ကြည့် ခဲ့ကြပါတယ်။

အဆိုတော် ကျားပေါက်က ‘ကျနော်ဘာလို့လှည့်ကြည့်လဲဆိုတော့ နံပတ် ၁ အချက်က ကျနော့် အဖေရဲ့သီချင်း ဆိုတာကို ဇာနည့်အသံနဲ့လည်းဆင်တယ်”လို့မှတ်ချက်ပေး ပြောပါတယ်။

သီဆိုပြိုင်ပွဲဝင်အပြီးမှာ Coach လုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ဆွယ်နေကြတဲ့ ဒိုင်လေးဦးထဲက  ကျားပေါက်ကိုပဲ သူ့ရဲ့ Coach အဖြစ် ခိုင်ဈာန်က ရွေးချယ်ခဲ့ပါတယ်။

ခိုင်ဈာန်ရဲ့ သီဆိုယှဉ်ပြိုင်မှု ရုပ်သံကို  ပရိတ်သတ်တွေကလည်း နှစ်ချိုက်အားပေးနေကြပြီး ယူကျုပေါ်မှာလည်း ကြည့်ရှုမှုအကြိမ်အရေအတွက်  ၈၃၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ရုပ်သံ- The Voice Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013