DVB Logo
Home
မြန်မာသတင်း
မြောင်းမြတံတားသစ်ကို တနှစ်အတွင်းအပြီးဆောက်လုပ်ဖွင့်လှစ်  (ဓာတ်ပုံ)
DVB
·
April 1, 2019
မြောင်းမြတံတားသစ်ကို တနှစ်အတွင်းအပြီးဆောက်လုပ်ဖွင့်လှစ်  (ဓာတ်ပုံ)
1 / 17
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နက်ပိုင်းက မြောင်းမြမြို့မှာ ကျင်းပတဲ့ မြောင်းမြတံတားသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၁ရက်နေ့က မြောင်းမြကြိုးတံတားဟောင်း ကျိုးကျသွားပြီးတဲ့နောက် အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ကြည့်ရှုခဲ့ပြီး  တံတားသစ်ကို တ နှစ်အတွင်းအပြီး တည်ဆောက်ဖို့ မှာကြားခဲ့ပါတယ်။

ဒီကနေ့ တံတားဟောင်းကျိုးခဲ့တဲ့ အချိန် ၁နှစ်တင်တင်းပြည့်တဲ့အချိန်မှာ  သံကူကွန်ကရစ် တံတားသစ်ကို မြန်မာနဲ့ ဂျပန်ပူးပေါင်းဆောက်လုပ် ဖွင့်လှစ်နိုင်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ မိခင်ဒေါ်ခင်ကြည်ရဲ့ဇာတိဖြစ်တာကြောင့် မြောင်းမြမြို့ကိုအထူးသံယောဇဉ်ရှိတာကို တခြားပြည်သူပြည်သားတွေအနေနဲ့ နားလည်ပေးကြဖို့ တံတားဖွင့်ပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013