DVB Logo
Home
မြန်မာသတင်း
ကျောင်းသား ၂ ​ဦးအား ပစ်​သတ်ခဲ့သည့် PNA ပြည်သူ့စစ်တပ်သားကို ဖမ်းဆီးအမှုဖွင့်
DVB
·
April 1, 2019
ကျောင်းသား ၂ ​ဦးအား ပစ်​သတ်ခဲ့သည့် PNA ပြည်သူ့စစ်တပ်သားကို ဖမ်းဆီးအမှုဖွင့်
Donate to DVB

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရဒေသ ဆီဆိုင်​မြို့နယ်​ တဘက်ကျေးရွာအုပ်စု မဲဟဲရွာ ဘုန်းတော်ကြီးကျောင်းမှာ ၈ နှစ်အရွယ် ကျောင်းသား ၂ ဦးကို ​PNA ပြည်သူ့စစ်တပ်သား​​​​တဦးက သေနတ်နဲ့​ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်​။

PNA ပြည်​သူ့စစ်​အဖွဲ့ဝင်​ ဦးဖွားဟာ ဘုန်းကြီးကိုမ​ကျေနပ်​တဲ့​အတွက်​ ဘုန်းကြီး​ကျောင်းကို တက်​ပြီး ပြဿနာရှာကာ ဘုန်းကြီးက ဆုံးမတားထားတဲ့ကြားက သေနတ်​ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့​ တယ်​လို့ သိရပါတယ်​။

“သူက မူး​နေလား ​ကြောင်​​နေလားမသိဘူး။ ပြဿနာရှာ​နေတာ တားထားတဲ့ကြားက ​သေနတ်​ပစ်​လိုက်​တာ ကိုရင်​ဝတ်​ဖို့ ဘုန်းကြီးကျောင်းကို​ရောက်​​နေတဲ့ ကိုရင်​​လောင်းကို ပစ်​သတ်​မိတာ၊ ခုလိုဖြစ်​​တော့ စိတ်​မ​ကောင်းဘူး”လို့ မဲဟဲကျောင်းထိုင်ဆရာတော် ဦးနေရိန္ဒက မိန့်​မှာခဲ့ပါတယ်​။

အဲဒီ PNA အဖွဲ့ဝင်​ဟာ ရွာတွင်းမှာ ​သူ့မိန်းမနဲ့ရန်ဖြစ်တိုင်း သေနတ်ဖောက်လေ့ရှိ​ပြီး ရှင်​ပြုပွဲအတွက်​ အစည်းအ​ဝေးလုပ်​တုန်းက ဆရာ​တော်​ဆုံးမဖူးတဲ့အတွက်​ ဘုန်းကြီးကို မ​ကျေနပ်​တာလို့ ​ဒေသခံ​တွေက ယူဆကြပါတယ်​။

ပြည်​သူ့စစ်​ တပ်​သား (အွိုင်း) အဖွဲ့ဝင်​ ဖြားဖွား​သည်​ ဆီဆိုင်​ရဲတပ်​ဖွဲ့နဲ့ တဘက်အုပ်စု PNA ပြည်သူ့စစ်အဖွဲ့က ဝိုင်းဖမ်းပြီး ​​​​​​​ဆီဆိုင်​မြို့မရဲစခန်းမှာ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။

အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး PNA ပြည်​သူ့စစ်​ဗဟို စစ်​ဦးစီးချုပ်​ ဗိုလ်​မှူးကြီး ခွန်​​ဇော်​ပျံကို ဆက်​သွယ်​​မေးမြန်းရာမှာ “ကျနော်​တို့ ပြည်​သူ့စစ်​အ​နေနဲ့ အ​ရေးယူဖို့​တော့ မရ​တော့ဘူး။ ရဲလက်​ထဲ ​ရောက်​သွားပြီဆို​တော့ တရားဥပ​ဒေအတိုင်း သွားရမှာ​ပေါ့” လို့​​ ပြောပါတယ်​။ 

သေဆုံးသွားတဲ့ေ​ကျာင်းသား​ကလေးငယ်ဟာ ဆီဆိုင်မြို့နယ် ​​နောင်​​ကျောကျေးရွာအုပ်စု​​ လုံးဖိုးရွာနေ အသက် ၈ နှစ်အရွယ် ခွန်ကျော်သန်းနဲ့ ခွန်ကျော်လေး တို့ဖြစ်​ပါတယ်​။

ပြစ်​မှုကျူးလွန်​သူ PNA အဖွဲ့ဝင် ဦးဖွားကို ဆီဆိုင်မြို့မ ရဲစခန်း ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013