DVB Logo
Home
မြန်မာသတင်း
၅ ရက်ကြာပျောက်ဆုံးနေသည့် ၁၃ နှစ်ကလေး သေဆုံးလျက်ပြန်တွေ့
DVB
·
April 1, 2019
၅ ရက်ကြာပျောက်ဆုံးနေသည့် ၁၃ နှစ်ကလေး သေဆုံးလျက်ပြန်တွေ့
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့ရှောင်လမ်းမကြီးအရှေ့ဘက် မောင်စိန်တောရတောင် အထက်ရှိ ဇော်ဂျီလက်ဝါး တောင်ပေါ်မှာ မတ် ၃၁ ရက် မနက် (၁၀) နာရီ အချိန်က လူပျောက်တိုင်ထားတဲ့ ကလေးတဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ မတ် ၂၇ ရက်နေ့က ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းတင်နဲ့ ဒေါ်ရိန်းမန်းတို့ရဲက သားဖြစ်သူ မောင်ဂျွန်လုံဘုတ်  (အသက် ၁၃ နှစ်) ဟာ ဖခင်ဖြစ်သူ ထမင်းချက်နေစဉ် ခြံထဲဆော့ကစားနေရာမှ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ရှာဖွေမရတဲ့အတွက် မိုးညှင်းမြို့မရဲစခန်းကို လူပျောက်တိုင်ကြားခဲ့တာပါ။

ပျောက်ဆုံးပြီး ၅ ရက်အကြာ မောင်စိန်တောင်နဲ့ ၂ ဖာလုံအကွာမှာ တောင်တက်လူတွေက မှောက်လျက်သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။

သေဆုံးနေတဲ့ ကလေးဟာ လူပျောက်မှုနဲ့ တိုင်ကြားထားတဲ့ကလေးဖြစ်ပြီး နှုတ်ခမ်းခြောက်နေတာကြောင့် အစာရေစာပြတ်လပ်ပြီး သေဆုံးတာလို့ ရဲက မှတ်ချက်ပေးပါတယ်။

ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး မိုးညှင်းမြို့ မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၁၉ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013