DVB Logo
Home
မြန်မာသတင်း
တပ်မတော်အရာရှိ မောင်းလာသည့်ကား အမြန်လမ်းတွင် တိမ်းမှောက်၊ ၁ ဦးသေဆုံး  
DVB
·
April 1, 2019
တပ်မတော်အရာရှိ မောင်းလာသည့်ကား အမြန်လမ်းတွင် တိမ်းမှောက်၊ ၁ ဦးသေဆုံး  
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၇ အနီးမှာ မတ် ၃၁ ရက်က တပ်မတော် အရာရှိ မောင်းလာတဲ့ အိမ်စီးကား အရှိန်လွန် တိမ်းမှောက်ရာ ကားပေါ်ပါလာတဲ့ ၃ ဦးအနက် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။

အမှတ် ၂၀၂ အမြောက်တပ် သထုံမြို့နေ ဗိုလ်ကြီးဖြိုးဝေစိုး မောင်းလာတဲ့ကားက မိုင်တိုင် ၂၇၈/၇မှာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကိုကျော်ကာ တဖက်ယာဉ်ကြောမှာ တိမ်းမှောက်ခဲ့တာပါ။ မောင်စိုင်းမြင့်မြတ်ဟိန်း (၅) နှစ်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး  ဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူ ဒေါ်နန်းလုရင်တို့ ဒဏ်ရာရခဲ့တယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။

"အရှိန်များတယ်၊ လမ်းလယ်ကျွန်းကို ကျော်ပြီး တဖက်ယာဉ်ကြောမှာ တိမ်းမှောက်သွားတယ်။ ကလေးကတော့ နေရာတင် သေဆုံးသွားတယ်။ ၂ ဦး ဒဏ်ရာရကြတယ်။ မိတ္ထီလာကုတင် ၅၀၀ တပ်မတော်ဆေးရုံကို ပို့ပေးရတယ်။"

ပေပင်လေးအမြန်လမ်းရဲစခန်းမှာ ဗိုလ်ကြီးဖြိုးဝေစိုးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013