DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ကျောက်မျက်ကုမ္ပဏီတခု မီးရှိုခံရ
DVB
·
April 1, 2019
မိုးကုတ်တွင် ကျောက်မျက်ကုမ္ပဏီတခု မီးရှိုခံရ
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကြီးရွာအနီး ဌေးပိုင် ကျောက်မျက်ရတနာကုမ္ပဏီနဲ့ ကျောက်ရှာတဲ့ဒေသခံတွေအကြား ပဋိပက္ခဖြစ်ပွားပြီးနောက် မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

ဘောလုံးကြီးကျေးရွာ စပ်မှာရှိတဲ့ ဌေးပိုင်ကုမ္ပဏီလုပ်ကွက်မှာ ဒေသခံတွေက စွန့်ပစ်ကျောက်တွေကို သွားရောက်ကောက်ယူခဲ့ရာမှာ လုံခြုံရေးအဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့တာလို့ မိုးကုတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုစိုးဌေးက ပြောပါတယ်။

“အဲဒီကုမ္ပဏီက စွန့်ပစ်တဲ့ ခဲစာတွေကို ဒေသခံတွေ ခဲစာရွေးတာ။ အစဉ်အလာပေါ့၊ ဟိုးကတည်းက ရွေးတာ။ သူတို့စွန့်ပစ်တဲ့ ခဲစာတွေကို၊ မနေ့ကတော့ အဲဒီက မန်နေဂျာနဲ့ ၀န်ထမ်းတယောက်က ခဲစာရွေးနေတဲ့သူတွေကို မောင်းထုတ်တယ်။ မောင်းထုတ်တော့ ဒီဘက်က ပြေပြေလည်လည် ပြန်ပြောတယ်ပေါ့နော်။ နောက်ဆုံးသူတို့က အပြင်ထွက်ပေးရမယ် စစ်တပ်ပါလာတယ်။ စစ်တပ်က ၅ မိနစ်နဲ့ ထွက်ပေးရမယ်ဆိုပြီးတော့ အဲဒီမှာ ဒေသခံတွေနဲ့ ပြဿနာ စတက်တာပေါ့။ တဘက်ကလည်း ရန်ပြုတဲ့အနေအထားတွေဖြစ်ပြီးတော့ ဒီဘက်က လည်း မခံမရပ်နိုင်တဲ့အနေအထားတွေဖြစ်ပြီးတော့ အဲလိုတွေဖြစ်ကုန်တာ။ ”

မီးလောင်မှုကြောင့် ကုမ္ပဏီပိုင်ကား၊ ဘက်ဖိုးယာဉ်တွေနဲ့ အိမ်တွေ မီးလောင်ဆုံးရှုံးသွားတဲ့ အပြင် ယမ်းသိုလှောင်ရုံပေါက်ကွဲလို့  ရွာသားတွေ ထွက်ပြေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“လူကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ အဲဒီမှာတော့ ဘက်ဖိုးတစီးလောင်တယ်၊ ကား ၄ စီးလောင်တယ်။ နောက် အဆောက်အဦတွေပေါ့နော်။ နောက် သူတို့ယမ်းတိုက်လား၊ အဲလို မျိုးတွေ ဗုံးကွဲသလိုမျိုး အဲဒါတော့ ကြီးကြီးမားမားဖြစ်တယ်။ အသံအရမ်းကျယ်တော့ တရွာလုံး ကလေးရော၊ လူကြီးပါ ထွက်ပြေးကုန်တာပေါ့။ ”လို့ မိုးကုတ်မြို့ခံ ကိုစိုးဌေးက ပြောပါတယ်။

ရွာကို မီးမကူးစက်အောင် မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်မီးငြှိမ်းသတ်ခဲ့တဲ့အတွက် မီးကူးစက်လောင်ခဲ့ခြင်း မရှိပါဘူး။

ဓာတ်ပုံ-Soe Htay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013