DVB Logo
Home
မြန်မာသတင်း
"မီ" ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းကို စာအုပ်အဖြစ် ထုတ်ဝေမည်
DVB
·
April 1, 2019
"မီ" ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းကို စာအုပ်အဖြစ် ထုတ်ဝေမည်
Donate to DVB

"မီ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို စိတ်ကူးချိုချိုစာပေက စာအုပ်အဖြစ် ထုတ်ဝေ သွားမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ခုလိုစာအုပ်ထုတ်ဝေမှာဖြစ်တဲ့အတွက် ခင်ပွန်းဖြစ်သူ  ဇာတ်ညွှန်းရေးဆရာ/ဒါရိုက်တာ ကိုဏကြီး အတွက် အလွန်ဂုဏ်ယူမိတယ်လို့လည်း မင်းသမီး ပိုင်ဖြိုးသုက ဆိုပါတယ်။

ဒါ့အပြင် "မီ" ရုပ်ရှင်ဇာတ်ကားရဲ့ ဂီတမှူး ဆရာမြင့်သန်းထွန်းရဲ့ original score CD ကိုလည်း The Sun Music Production က ထုတ်ဝေတော့မယ်လို့လည်း သိရပါတယ်။

စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ချိန်မှာ အနုပညာအရရော ၀င်ငွေအရပါ အောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ဆုတွေ ရနိုင်တယ်လို့ ရုပ်ရှင်အကဲခတ်တွေနဲ့ ပရိတ်သတ်တွေ  ထင်ကြေးပေးခဲ့ပေမယ့် ဆုတဆုမှ ရရှိခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013