DVB Logo
Home
မြန်မာသတင်း
MLRC ၏ ပညာရေးသံတမန်အဖြစ် ဒေါက်တာချစ်သုဝေကို ခန့်အပ်
DVB
·
March 31, 2019
MLRC ၏ ပညာရေးသံတမန်အဖြစ် ဒေါက်တာချစ်သုဝေကို ခန့်အပ်
1 / 9
Donate to DVB

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန (MLRC)ရဲ့ ပညာရေး သံတမန် အနေနဲ့ ဒေါက်တာချစ်သုဝေ (သရုပ်ဆောင်အဆိုတော်) ကို ခန့်အပ်တဲ့ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ပညာတတ်ပြီး၊ ပညာကိုတန်ဖိုးထားကာ၊ ကလေးငယ်တွေကို ချစ်မြတ်နိုးတဲ့ စိတ်ထား ကောင်းမွန်သူ တယောက်ဖြစ်တဲ့အတွက် ဒေါက်တာချစ်သုဝေကို ပညာရေးသံတမန်အနေနဲ့ ခန့်အပ်တာလို့ MLR )ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန (MLRC )အနေနဲ့ လက်ရှိမှာ ကျောင်းပြင်ပကို ရောက်ရှိနေတဲ့ ကလေးငယ်တွေအတွက် ကျောင်းပြင်ပမူလတန်းနဲ့ အလယ်တန်းပညာရေးကို ပညာရေးဝန်ကြီးဌာနက အငြိမ်းစားယူပြီးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေက နိုင်ငံတကာနဲ့ ပြည်တွင်းက အလှူရှင်တွေရဲ့ အထောက်အပံ့တွေနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒေါက်တာချစ်သုဝေကို ပညာရေးသံတမန်အနေနဲ့ ခန့်အပ်တာကြောင့် ကျောင်းပြင်ပကို ရောက်ရှိနေတဲ့ ကလေးငယ်တွေအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေ မြှင့်တက်လာပြီး ကလေးတွေပညာတတ်မြောက်ဖို့ကို ပိုမိုအထောက်ပံ့တွေဖြစ်လာမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန MLRC အနေနဲ့ ကျောင်းပြင်ပ ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လာတာဟာ ၁၀ စုနှစ်တခုနီးပါး ရှိနေပြီး ကလေးငယ် ၈ သောင်းကျော်ကို ပညာသင်ယူခွင့်ရရှိအောင် ဖန်တီးပေးခဲ့ပါတယ်။

အဲဒီကျောင်းသားတွေထဲက တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှအလှူရှင်တွေနဲ့ MLRC မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013