DVB Logo
Home
မြန်မာသတင်း
မုံရွာ ကြက်မွေးမြူရေးဇုန်တွင် မီးလောင်
DVB
·
March 31, 2019
မုံရွာ ကြက်မွေးမြူရေးဇုန်တွင် မီးလောင်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစည်လမ်းဘေးရှိ ကြက်မွေးမြူရေးဇုန်မှာ မတ်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ကြက်ဇုန်ဝင်း နေရာ ၂ နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ အခု မီးလောင်တာက ကြက်ဇုန်ဝင်း ၇ လမ်းနဲ့ ၁၈ လမ်းတွေရှိ အကွက်အမှတ် ၁၆၁၊ ၁၆၂၊ ၁၉၉၊ ၂၀၀ တို့ဖြစ်ကာ ကြက်မမွေးတော့တဲ့ ကြက်ခြံဟောင်းတွေဖြစ်ပါတယ်။

မီးလောင်တာကို နာရီဝက်ခန့်အကြာ မြို့ပေါ်မီးသတ်ကားတွေ၊ ရဟန်းသံဃာပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်တဲ့ အကြောင်းရင်းကိုတော့ ရှာဖွေနေဆဲဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကိုလည်း တွက်ချက်နေဆဲဖြစ်ပါတယ်။

မီးလောင်ရာကို တိုင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ နယ်လုံဝန်ကြီး၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

"မွေးမြူရေးမလုပ်တော့တဲ့ ကြက်ခြံတွေကို စာရင်းပြုစုပြီး တင်ခိုင်းထားတယ်။ ဒီတိုင်း သွားနေလို့ မရဘူး။ မွေးတဲ့ခြံတွေလည်း ရှိသေးတယ်။ ဒီကိစ္စညှိနှိုင်းတိုင်ပင်ပြီး ဆုံးဖြတ်မယ်။ အနည်းဆုံးတော့ လူမနေရင်၊ မမွေးတော့ရင်လည်း ပေါင်းမြက်တော့ ရှင်းမှရမယ်" လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ကြက်မွေးမြူရေးဇုန်က နှစ်စဉ်ဆိုသလို မီးလောင်မှု ကြုံတွေ့နေရတာပါ။ အခု မီးလောင်မှုအပါအဝင် မုံရွာမြို့နယ်မှာ ၂ ရက်အတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ၃ လတာကာလအတွင်း မီးလောင်မှု ၁၈ ကြိမ်ရှိသွားပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013