DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေး (ရုပ်သံ)
DVB
·
March 31, 2019
ဘူးသီးတောင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေး (ရုပ်သံ)
Donate to DVB

ဘူးသီး​တောင်​မြို့နယ်မှာ​ လက်​နက်​ကြီးတွေနဲ့ အဆက်​မပြတ်​ ပစ်​ခတ်​​နေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ စံဂိုးထောင်ကျးရွာရာအိမ်မှူးက ပြောပါတယ်။

ဒီနေ့ မနက်​ ၉ နာရီစကပြီး ​ကျေးရွာမျာအနီးသို့ လက်​နက်​ကြီးတွေ ကျ​ရောက်​​ပေါက်​ကွဲနေတာကြောင့် ဘူးသီး​တောင်​မြို့နယ်​ စံဂိုး​ထောင်​​ကျေးရွာအုပ်​စုမှ ​ကျေးရွာ ၆ ရွာမှ ​ကျေးရွာသူ/သားတွေ ထွက်​​ပြေး​နေရ​တာလို့ စံဂိုး​ထောင်​​ကျေးရွာအုပ်​စု ရာအိမ်​မှူး ဦးရဲကျော်က ​​ပြောပါတယ်​။

"​ကျေးရွာ​တွေအနီး လယ်​ကွင်း​ပြင်​​တွေမှာ ကျ​ရောက်​​ပေါက်​ကွဲနေ​တော့ ဘယ်​သူမှ ရွာ​တွေမှာ မ​နေရဲကြ​တောပါ၊ အားလုံးထွက်​​ပြေး​နေကြပါပြီ။ ရခိုင်​ရွာ​တွေသာမက ဘင်္ဂါလီရွာ​တွေပါ ထွက်​​ပြေးကြတာပါ။ မ​နေ့က​တော့ ​ကျော်​ရံအုပ်​စု ​ထိပ်​ထူး​ပေါက်​ ​တောင်​တန်း​ဘက်​ကို ပစ်​ပြီး ဒီ​နေမှာ​တော ​ကျေးရွာ​တွေအနီးကိုပစ်​လာ​တော့ ဘယ်​သူမှ မ​နေရဲကြ​တောပါ။ အခုဆို စံဂိုး​ထောင်​ ​ကျေးရွာက ​နေအိမ်​​တွေမှာ​တောင်​ လက်​နက်​ကြီးကျည်​စ​တွေ ကျ​ရောက်​​နေပါပြီ။”

အဲဒီဒေသမှာရှိတဲ့ တပ်မတော်ဘက်ကနေပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အဲ့ဒီ ကျေးရွာအုပ်စုဝန်းကျင်မှာ မနေ့က တိုက်ပွဲတကြိမ်ဖြစ်တာရှိတယ်။ လက်နက်ကြီး ပစ်ခတ်တာကလည်း ရန်သူရှိတဲ့နေရာတွေကိုပဲ ပစ်တာဖြစ်တယ်၊ အခုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်သွားဖို့ လုပ်နေပါတယ်" လို့ ပြောပါတယ်။

စံဂိုး​ထောင်​​ကျေးရွာအုပ်​စုမှာ ​ကျေးရွာ​ပေါင်း ၆ ရွာရှိပြီး ရခိုင်​ရွာ ၄ ရွာ နဲ့ ဘင်္ဂါလီ ၂ ရွာရှိ​ပြီး စုစု​ပေါင်း​ အိမ်​​ခြေ ၆၀၀ ကျော်​နဲ့ လူဦး​ရေ ၃၀၀၀ ​ကျော်​ နေထိုင်တယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘူးသီးတောင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေး (ရုပ်သံ)