DVB Logo
Home
မြန်မာသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

DVB
·
March 31, 2019
အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ တွေ့ဆုံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander V. Fomin တို့ဟာ နေပြည်တော် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ မတ်လ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာ-ရုရှား နှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဆေးဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စတွေနဲ့ ရုရှားနိုင်ငံမှာ International Army Games -2019 ကျင်းပပြုလုပ်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေဆုံဆွေးနွေးပွဲကို ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay A. LISTOPADOV၊ စစ်သံမှူးနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013