DVB Logo
Home
မြန်မာသတင်း
တမူး-ကလေး-ကလေးဝလမ်း မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မည်ကို ဒေသခံများ စိုးရိမ်
DVB
·
March 31, 2019
တမူး-ကလေး-ကလေးဝလမ်း မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မည်ကို ဒေသခံများ စိုးရိမ်
Donate to DVB

တမူး-ကလေး-ကလေးဝ လမ်းပိုင်း တံတားတွေ ပြုပြင်ထိန်းသိမ်းတာ မလုပ်ဆောင်တာကြောင့် မိုးရာသီကာလ တံတားတွေ ကျိုးကျပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အိန္ဒိယ အစိုးရ အကူအညီနဲ့ ကလေး-တမူး-ကလေးဝ လမ်းပိုင်း တံတားလုပ်ငန်းတွေကို ပြုလုပ်နိုင်ဖို့ မြေတိုင်းတာခြင်း မြေစမ်းသပ်စစ်ဆေးတာတွေ ဆောင်ရွက်နေဆဲကာလဖြစ်ပေမယ့် မြေတိုင်းတာအပြင် တံတားပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ စတင်ပြုလုပ်တာ မတွေ့ရ တာကြောင့် တံတားတွေ ကျိုးကျပျက်စီးပြီး မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှာကို ဒေသခံ ပြည်သူတွေ စိုးရိမ်နေကြတာပါ။

တမူး-ကလေး-ကလေးဝ ကားလမ်းမကြီးပေါ်ရှိ ဘေလီတံတားတွေမှာ ကုန်အပြည့် တင်ဆောင်ထားတဲ့ ၁၂ ဘီးကားကြီးတွေ တွဲဘီးကားကြီးတွေ နေ့စဉ် ကားအစီးရေ ၂၀၀ ကျော် ဖြတ်သန်းမောင်းနှင်နေပြီး တန်ပိုချိန်တွယ်တဲ့ ဂိတ်လည်း မရှိသေးဘူးလို့ ကလေးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောပါတယ်။

ဘေလီတံတားတွေ ခံနိုင်ရည်ကျော်လွန်ထမ်းနေရသလို သစ်သားကြမ်းခင်းတံတားတွေ လည်း မနိုင်ဝန်ကို ထမ်းနေရလို့ ခံနိုင်ရည်ပျက်ကာ သစ်သားတွေ ကျိုးကျေပျက်စီးနေတာကြောင့် ကားငယ်တွေ၊ ဆိုင်ကယ်တွေ၊ ခရီးသည်တင်ကားတွေအတွက် အလွန်အန္တရာယ်များတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အမြန်ဆုံးပြုပြင် တည်ဆောက်နိုင်ဖို့အတွက် သက်ဆိုင်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို အသိပေးထားတယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။

တမူးမြို့မှ ကုန်သည် ဦးမျိုးသိန်းက "တံတားတွေက တော်တော်လေးကိုဆိုးပါတယ်။ ကြမ်းခင်းတွေဆို ရွှဲ့စောင်းနေတယ်။ တံတားတော်တော်များများပါ။ အိန္ဒိယအစိုးရက တာဝန်ယူပြင်ပေးတာလည်း တပိုင်းပေါ့။ ပြင်လို့ရတဲ့ အပိုင်းလေးတွေတော့ ပြင်ပေးစေချင်တယ်။ နောက်ပြီး ကားကြီးတွေကိစ္စပါ။ ကားကြီးတွေက လမ်းလွှဲရှိလည်း လမ်းလွှဲက မမောင်းဘူးဗျ။ တံတားပေါ်ကြီးကပဲ မောင်းနေကြတော့ တကယ်လို့ မိုးရာသီကာလတွေမှာ တံတားကျိုးကျတာတွေ ဖြစ်ခဲ့မယ်ဆိုရင် လမ်းပိတ်သွားနိုင်ပါတယ်။ ဒါကြောင့် ခံနိုင်ရည်အားနည်းနေတဲ့ တံတားကြီးတွေမှာ ၀န်မတရားများတဲ့ ကားကြီးတွေ ဖြတ်သန်းသွားလာလို့မရအောင် လမ်းလွှဲမှမောင်းနိုင်အောင် ဆောင်ရွက်ပေးထားစေချင်တယ်" လို့ ပြောပါတယ်။

တမူး-ကလေး-ကလေးဝ လမ်းပိုင်းကို အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီးဖြစ်တဲ့ အာရှ ပတ်လမ်းမကြီးကို အိန္ဒိယနိုင်ငံ နယ်စပ်လမ်းတံတားများ တိုးတက်ဖောက်လုပ်ရေးအဖွဲ့က ၁၉၉၇ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ၂ဝဝ၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကလေး တမူး ကလေးဝ လမ်းပိုင်းဟာ တလမ်းတည်းသာရှိတဲ့ လမ်းမကြီးတခုလို ဖြစ်နေတာကြောင့် မိုးရာသီ တံတားတွေ ပျက်စီးပါက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မယ့် အခြေအနေတွေ ရှိနေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013