DVB Logo
Home
မြန်မာသတင်း
မှုခင်းခြေရာကောက်စနစ် ပဲခူးတိုင်းတရားရုံးလွှတ်တော်တွင် သင်ကြားပေးနေ
DVB
·
March 31, 2019
မှုခင်းခြေရာကောက်စနစ် ပဲခူးတိုင်းတရားရုံးလွှတ်တော်တွင် သင်ကြားပေးနေ
Donate to DVB

တရားရုံးတွေမှာ အမှုတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း အမြန်ဆုံး ပြီးပျက်အောင် ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူ ပြုစေမယ့် မှုခင်းခြေရာကောက်စနစ် (Case Tracking Database) သင်တန်းကို ပဲခူးတိုင်းတရားလွှတ်တော်မှာ သင်ကြားပို့ချနေပါတယ်။

အမှုစစ်ဆေးနေတဲ့ အခြေအနေတွေ အလွယ်တကူ သိရှိနိုင်ဖို့အတွက် ကွန်ပျူတာနဲ့ မှတ်တမ်းတင်ထားတဲ့ နည်းစနစ်ကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမမှာ မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက် ၂ ရက် သင်ကြားပေးနေတာပါ။

ဒီစနစ်က မှုခင်းစီမံခန့်ခွဲမှုစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး တိုင်း တရားလွှတ်တော် တိုင်းတရားရေး ဦးစီးမှူး ဦးမြင့်ဆန်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားဦးစီးမှူး ဦးမြင့်ဆန်းက “ဒီသင်တန်းကို ပဲခူးတိုင်း တရာလွှတ်တော်နဲ့ USAID တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး သင်တန်းကိုတော့ USAID က သင်တန်းဆရာတွေက သင်ကြား ပို့ချပေးနေတာပါ။ လက်ရှိမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလည်းမှု ၂၀၁၈ -၂၀၂၂ (၅)နှစ်တာ မဟာဗျူဟာ စီမံကိန်းကို ချမှတ်ပြီး ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

ဒီသင်တန်းကို ပဲခူးခရိုင်နဲ့ တောင်ငူခရိုင်က ခရိုင်/မြို့နယ်တရာသူကြီးတွေနဲ့ တရားရေးဝန်ထမ်း ၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းကို မတ်လ ၃၀ ရက်နေ့ ကနေ ၃၁ ရက်နေ့ အထိ ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်းဖြစ်တဲ့ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်တွေကိုတော့ နိုဝင်ဘာလ ထဲမှာ သွားရောက်ပို့ချပေးသွားမှာပါ။

၂၀၂၁ ခုနှစ်ကျရင်တော့ ပဲခူးတိုင်း တတိုင်းလုံးအနေနဲ့ ထပ်မံပို့ချသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013