DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် သေနတ်သမားများက ရတနာရွှေဆိုင်ကို ဓားပြတိုက်
DVB
·
March 30, 2019
တာချီလိတ်တွင် သေနတ်သမားများက ရတနာရွှေဆိုင်ကို ဓားပြတိုက်
Donate to DVB

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နန်းနန်းဘွန်းကျောက် ရတနာရွှေဆိုင်မှာ မတ် ၂၉ ရက်နေ့ မနက် ၇ နာရီလောက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း ဦးစီးတဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ ဦးအိုက်ဘွန်း၊ မိခင် ဒေါ်နန်းတွေ့၊ အိမ်အကူ ဒေါ်နန်းဖွန်နဲ့ ရွှေဆိုင်ဝန်ထမ်း မနန်းဆိုင် ဆိတို့နဲ့အတူ နေအိမ်မှာ ရှိနေစဉ် ရွှေဆိုင်ဘေးလမ်းကြားကို အမျိုးသား ၆ ဦး (စိစစ်ဆဲ) မှာ မျက်နှာ ဖုံးစွပ်/ ဦးထုပ်ဆောင်းပြီး 9K/×××× Pajero IO ယာဉ်(လိုင်စင်-စိစစ်ဆဲ) နဲ့ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ဒီနောက် နေအိမ်အနောက်ဘက်တံခါးက ဝင်ရောက်လာပြီး ပစ္စတိုသေနတ် ၄ လက် ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ဦးအိုက်ဘွန်းပါ ၄ ဦးအား လက်ပြန်ကြိုးတုတ်ကာ အိပ်ခန်းအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၈၀ ကျပ်သားလောက်၊ စိန်ထည်ပစ္စည်းမျိုးစုံ၊ Samsung/ I phone အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနဲ့ ထိုင်းဘတ်ငွေ သိန်း ၂၀ တို့အား ခြိမ်းခြောက်ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဦးအိုက်ဘွန်းရဲ့ တိုက်ကြားချက်အရ အမျိုးသား ၆ ဦးအား တာချီလိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓားပြမှု) နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013