DVB Logo
Home
မြန်မာသတင်း
ဧပြီ ၁ ရက်နေ့ထီအုပ်ရေ ၆ သိန်းခွဲခန့် မရောင်းရ၊ ဆုမဲထွက်ပါက ပြန်ဖွင့်လှစ်ပေးမည်
DVB
·
March 30, 2019
ဧပြီ ၁ ရက်နေ့ထီအုပ်ရေ ၆ သိန်းခွဲခန့် မရောင်းရ၊ ဆုမဲထွက်ပါက ပြန်ဖွင့်လှစ်ပေးမည်
Donate to DVB

လာမယ့် ဧပြီ ၁ ရက်နေ့ ဖွင့်မယ့် ထီလက်မှတ်တွေထဲက အုပ်ရေ ၆ သိန်းခွဲလောက် မရောင်းခဲ့ရဘဲ အဲဒီနံပါတ်တွေ ဆုမဲထွက်လာခဲ့ရင် ပြန်ဖွင့်လှစ်ပေးမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီအုပ်ပေါင်း ၉၈၁,၈၆၁ အုပ် ရောင်းချခဲ့ရာမှာ အုပ်ရေ ၂၀၃,၄၄၈ အုပ် ရောင်းမကုန်ဘဲ ကျန်ခဲ့ပါတယ်။

၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာတော့ အုပ်ပေါင်း ၃,၂၇၂,၇၂၀ ရောင်းခဲ့ပေမယ့် အုပ်ရေ ၄၃၅,၅၇၇ ရောင်းမကုန်ခဲ့ဘူးလို့ ဆိုပါတယ်။

ကျပ် ၅၀၀ တန်ထီအတွက် ဆုငွေ ကျပ်သိန်းပေါင်း ၂,၃၃၅၀ ကျော်၊ ကျပ် ၁၀၀၀ တန်ထီအတွက် ကျပ်သိန်းပေါင်း ၁၇၀,၂၂၀ ကျော် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ရောင်းမကုန် ထီလက်မှတ်တွေထဲက အထူးဆုကြီးစနစ်နဲ့ ဆုတချင်းစနစ်မှာ ဆုမဲ ပေါ်လာခဲ့ရင် ပြန်ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ဝေဝေဆာဆာဆုမဲ စနစ်မှာဆိုရင်တော့ ဆုမဲတန်ဖိုးတွေကို စုပေါင်းပြီး တခြားသင့်တော်တဲ့ ဆုမဲတွေ အစားထိုးဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013