DVB Logo
Home
မြန်မာသတင်း
ဓာတ်ခဲအတွင်းမှ ကာဗွန်အမှုန့်နှင့် သရက်သီးတို့စားသဖြင့် ကလေးငယ် ၂ ဦး သေဆုံး
DVB
·
March 30, 2019
ဓာတ်ခဲအတွင်းမှ ကာဗွန်အမှုန့်နှင့် သရက်သီးတို့စားသဖြင့် ကလေးငယ် ၂ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ သရက်သီးအား ဓာတ်ခဲအတွင်းက ကာဗွန်အမှုနဲ့ တို့စားလို့ ကလေးငယ် ကျား ၂ ဦး သေဆုံးခဲ့တယ်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာနေ ဟိန်းကိုကို (၆)နှစ်၊ ဟိန်းမင်းထက် (၃) နှစ်နဲ့ ဟိန်းဇော်လတ် (၃) နှစ် (၆)လတို့ဟာ ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ခြံအတွင်း သွားရောက်ပြီး သရက်သီးတွေ ခူးစားခဲ့ကြတာလို့ ဆိုပါတယ်။

ဟိန်းမင်းထက်နဲ့ ဟိန်းကိုကိုတို့ ၂ ဦးဟာ သရက်သီးတွေကို ပါဝါတံဆိပ်ပါ ဓာတ်ခဲအတွင်းက ကာဗွန်အမှုန့်နဲ့ တို့စားခဲ့ပြီးနောက် နေအိမ် ပြန်ရောက်ချိန် ရင်ပူပြီး ရေချိုးတဲ့ ရေဇလုံအတွင်းက ရေတွေ ခပ်သောက်စဉ် မူးလဲကျသွားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဟိန်းမင်းထက်နှင့် ဟိန်းကိုကို တို့ ၂ ဦးကို ပဲခူးပြည်သူ့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် မရတော့ဘဲ သေဆုံးခဲ့လို့ ၁၆၄၀ ပဲခူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013