DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်အုပ်ချုပ်ရေးကြေညာရန် မရှိသေးဟု ဦးဇော်ဌေးပြော
DVB
·
March 30, 2019
ရခိုင်တွင် စစ်အုပ်ချုပ်ရေးကြေညာရန် မရှိသေးဟု ဦးဇော်ဌေးပြော
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ မရှိသေးဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

မတ်လ ၂၉ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“လောလောဆယ် အနေအထားအရ တိုက်ပွဲကတော့ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ ကျေးရွာတွေကို အခြေပြုပြီး ပြောက်ကျား စစ်ဆင်ရေး လုပ်နေတာဖြစ်တဲ့အတွက် အဲဒီဟာတွေက ကြာရှည်ပါတယ်။ သို့သော် ဒီနေ့အချိန်အထိမှာတော့ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ အစိုးရမှာ အစီအစဉ် မရှိသေးပါဘူး”

ဇန်နဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့အထိ ၃ လအတွင်း ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့နဲ့ တိုက်ပွဲ ထိတွေ့မှု ၁၀၃ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ရဲတပ်ဖွဲ့ဘက်က ၂၇ ယောက်ကျဆုံးပြီး အရပ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင် ၂၆ ယောက် ဒဏ်ရာရပြီး အရပ်သား အယောက် ၂၀ ဒဏ်ရာရခဲ့ပါတယ်။ အေအေအဖွဲ့ဘက်က ၅၈ ယောက်သေဆုံးပြီး ၈ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကာလထဲမှာ မိုင်းပေါက်ကွဲတာ ၄၄ ကြိမ် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်းမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာတွေကို တပ်မတော်ဘက်ကနေ အသေးစိတ်ထုတ်ပြန်မှာဖြစ်ပြီး အစိုးရဘက်ကတော့ ထုတ်ပြန်ဖို့ မရှိဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရတဲ့သူ ၁၇၃၀၀ ကျော် ရှိတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက် လုပ်နေပြီး လူမျိုးရေးအနေနဲ့ မကြီးထွားလာအောင် ဆိုရှယ်မီဒီယာအပါအဝင် ထိန်းသိမ်းတာတွေ လုပ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013