
ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဖူဟမ်နဲ့ကစားရမဲ့ပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ တင်ဘာတို့ကို ဒဏ်ရာကြောင့် ဆက်လက် လက်လွှတ် ရဦးမှာ ဖြစ်ပါတယ်။
တင်ဘာကတော့ ပြီးခဲ့တဲ့မတ်လကတည်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဟာဗက်ဇ်ကတော့ ပြီးခဲ့တဲ့အပတ် နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာပါ။
ဒါပေမဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ ကြံ့ခိုင်မှုစစ်ဆေးပြီးရင် ပြန်ပါဝင်လာနိုင်ခြေ ရှိတယ် လို့ နည်းပြ အာတီတာက ပြောထားပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ မန်စီးတီးထက် တပွဲပိုကစားထားပြီး ၃ မှတ်အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာပါ။
အခု ဖူဟမ်နဲ့ပွဲမှာသာ အနိုင်ရခဲ့ရင် မန်စီးတီးကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်လို့ ချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲလည်း ဖြစ်နေပါတယ်။
Photo:Reuters










