DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 30, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၉၃၀၀ ပေါက်ဈေးရှိပြီး  ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ တအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) က ပိဿာ ၆၀ ၀င်တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၆၁၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တအိတ်ကို  ၇၅၀၀၀ မှ ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင်တအိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၁၄၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပန်းဂေါ်ဖီ

သီရီမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတစ်ပွင့်ကို ၅၀၀ ကနေ ၈၀၀ ပေါက်ဈေးရှိပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတစ်ပွင့်ကို ၃၅၀ ပေါက်ဈေး ရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ သီရီမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ ၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဂေါ်ဖီထုပ်

သီရိမင်္ဂလာဈေးကုန်စည်ဒိုင်မှာ ဂေါ်ဖ်ီတစ်ထုပ်ကို ၅၀၀ ကနေ ၈၀၀ ပေါက်ဈေး ရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတစ်ထုပ်ကို ၄၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ

မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၁၀၀ ကနေ ၃၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၁၀၀ ကနေ ၄၂၅ ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၇၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013