DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ကောက်စိုက်လုပ်သား ရှားပါးသည့်အခက်အခဲ ကြုံနေရ
DVB
·
March 30, 2019
ဘိုကလေးတွင် ကောက်စိုက်လုပ်သား ရှားပါးသည့်အခက်အခဲ ကြုံနေရ
Donate to DVB

ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ထဲက စပါးစိုက်လယ်သမားတွေဟာ ဒေသခံပြောင်းရွှေ့ လုပ်သားတွေ များလာမှုကြောင့် လယ်လုပ်ငန်းလုပ်ဖို့ အခက်ကြုံလာတယ်လို့ လယ်ယာလုပ်ကိုင်သူတွေက ပြောပါတယ်။

“ကောက်စိုက်ပျိုးစနစ်က ပိုပြီးအထွက်နှုန်း ကောင်းတယ်။ ၁ ဧက စပါး ၂ ဆယ်နဲ့ ၃ ဆယ်ကြားကွာတယ်။ ကောက်စိုက်လုပ်သား ရှားပါးလာတာတော့ ကျဲပက်စနစ်ကိုသာ လုပ်ကိုင်နေရတာ စက်မှုလယ်ယာကိုသာ အကုန်လုံးကူးပြောင်းသွားမယ် ဆိုရင်တော့ လယ်သမားဘ၀က သက်ဆိုးရှည်မှာ၊ လယ်လုပ်သားနဲ့သာ လုပ်ရမယ်ဆိုရင်တော့ လယ်လုပ်စားတဲ့လူ ရှိမှာမဟုတ်တော့ဘူး၊ တချို့ လယ်ရောင်းပြီး ပြောင်းသွားတာတွေလည်း ရှိတယ်” လို့ ဘိုကလေးမြို့နယ် ပေါ်တော်မူ ကျေးရွာနေ လယ်လုပ်ငန်း နှစ် ၂၀ ကျော်လုပ်ကိုင်နေသူ ဦးကျော်နိုင်ဦးက ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ နွေစပါး၊ မိုးစပါး တနှစ် နှစ်ကြိမ် ဧက ၄ သိန်းကျော် စိုက်ပျိုးကြပြီး လယ်စိုက်တောင်သူ ဦးရေကတော့ ၄၇၀၀၀ ကျော် ရှိတယ်လို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရပါတယ်။

ဧရာရှေ့ဆောင် ရပ်ရွာအခြေပြုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဆန်းက “နောက်ပိုင်းကလေးတွေ တောင်မှ အခုလိုပြောင်းနေကြရင် ရွာမှာ လူတောင် ကျန်ပါဦးမလား စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

ကန်စုကျေးရွာ အရှေ့အုပ်စု ဘိုးကုန်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က “ရေကြည်ရာ မြက်နုရာ ဆိုသလိုပဲ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူကတော့ ဆယ်ရာနှုန်းလောက်တော့ ရှိတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးမှာ တဦးက ရွှေ့ပြောင်းသွားလာမှု ပြုလုပ်ကြပြီး တကမ္ဘာလုံးအတိုင်းအတာအရ ပျမ်းမျှ လူဦးရေ ၇ ဦးမှာ ၁ ဦးသာ ရွှေ့ပြောင်းသွားလာကြတာကြောင့် မြန်မာနိုင်ငံသားတွေက ရွှေ့ပြောင်းသွားလာမှု ပိုလုပ်ကြတယ်လို့ IOM (ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း) က ထုတ်ပြန်ထားပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013