DVB Logo
Home
နိုင်ငံရေး
မြစ်ဆုံစီမံကိန်း တရုတ်နှင့်မြန်မာအတွက် အရေးကြီး၊ ပြည်သူကို ချပြမည်ဟု ဦးဇော်ဌေးပြော
DVB
·
March 30, 2019
မြစ်ဆုံစီမံကိန်း တရုတ်နှင့်မြန်မာအတွက် အရေးကြီး၊ ပြည်သူကို ချပြမည်ဟု ဦးဇော်ဌေးပြော
Donate to DVB

မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့ စီမံကိန်း ဖြစ်ပြီး အချိန်တန်ရင် ပြည်သူလူထုသိအောင် ချပြမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က နေပြည်တော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်ကို အရင်အစိုးရတွေက ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် အခုအစိုးရကလည်း ဒီစာချုပ်ကို တာဝန်ခံတယ်လို့ ပြောပါတယ်။

“မြစ်ဆုံနဲ့ ပတ်သက်လို့ ကျနော်တို့ ကော်မရှင်ဖွဲ့ထားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း လူထုတွေ့ဆုံပွဲတွေမှာ ပြောထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ဆုံက ယခင်အစိုးရတွေက ချုပ်ဆိုသွားခဲ့တဲ့ စာချုပ် ဆိုသော်ငြားလည်း နောက်တက်လာတဲ့ အစိုးရတွေက ဒီစာချုပ်တွေ အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိပါတယ်။ အဲပေါ်မှာတော့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ သိသင့်သိထိုက်တဲ့ အချိန်ကျရင် ဘယ်လိုလုပ်တယ်၊ ဘယ်လိုလုပ်ပါ့မယ်ဆိုတာ လူထုသိအောင် ချပြမယ်ဆိုတာ ပြောထားပြီး ဖြစ်ပါတယ်။”

မြစ်ဆုံကိစ္စဟာ ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ပြီး လူထုကို ဘယ်အချိန်သိအောင် ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ မပြောနိုင်သေးဘူး လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကာလ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာတော့ အန်အယ်လ်ဒီအနေနဲ့ အစိုးရ တာဝန်ယူပြီးရင် မြစ်ဆုံစာချုပ်ကို အရင်ဆုံးတင်ပြမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဦးဇော်ဌေးက “ဒီကိစ္စက ထိလွယ်ရှလွယ် ကိစ္စ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ ပရောဂျက်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတယ်။ လူထုအတွက်လည်း အရေးကြီးတယ်။ ဒီအပေါ်မှာတော့ ကျနော် ခုနက ပြောတဲ့အတိုင်း လူကြီးတွေ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ အချိန်တန်ရင် ပြည်သူလူထုကို ချပြမှာ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်အချိန်ဆိုတာတော့ ကျနော် အတိအကျတော့ မပြောနိုင်သေးပါဘူး” လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲခရီးတွေမှာ မြစ်ဆုံ အပါအဝင် စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကြဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက လက်ရှိမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်ကို သွားရောက် တိုက်တွန်းတာတွေ လုပ်ဆောင်နေပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ ကန့်ကွက်ဆန္ဒပြပွဲတွေကို   ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့အပါအ၀င် နိုင်ငံအနှံ့က မြို့တွေနယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013