DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီဈေးနှုန်း မထိန်းနိုင်သဖြင့် မြင်းခြံတောင်သူများ အခက်တွေ့
DVB
·
March 30, 2019
ကြက်သွန်နီဈေးနှုန်း မထိန်းနိုင်သဖြင့် မြင်းခြံတောင်သူများ အခက်တွေ့
Donate to DVB

အ​ခြေခံ ကြက်​သွန်​​နီဈေးနှုန်း ဈေးကွက်တခုသတ်မှတ်ပြီး ထိန်းမထားနိုင်တာ​ကြောင့် မြင်းခြံမြို့က ကြက်​သွန်​စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ အခက်​အခဲ​တွေ့​နေတယ်​လို့ ကြက်​သွန်​အသင်းဥက္ကဋ္ဌက မတ် ၂၉ ရက်နေ့က ​ပြောပါတယ်။

မြင်းခြံကြက်​သွန်​လုပ်​ငန်းရှင်​များအသင်း ဥက္ကဋ္ဌ ဦး​ကျော်​ရှိန်​က "ဒီနှစ်​က နယ်​စုံကြက်​သွန်​ အစိုက်​များကြတယ်​။ အထူးသဖြင့် စစ်​ကိုင်းတိုင်းနဲ့မ​ကွေးတိုင်းက ပိုပြီးအစိုက်​များတယ်​။ အဓိက ကြက်​သွန်​ဟာ နိုင်​ငံခြားထွက်​​ပေါက်​ရှိမှ စိုက်​ပျိုးသူ​တွေ အဆင်​​ပြေမှာ။ ခုက ပြည်​တွင်းမှာ ကြက်​သွန်​​တွေ​ပေါ​နေ​တော့ အ​ရောင်းအဝယ်​က မ​ကောင်း​တော့ဘူး။ ကြက်​သွန်​စိုက်​ပျိုးတဲ့​ တောင်​သူ​တွေအတွက်​လည်း အ​ခြေခံကြက်​သွန်​​ဈေးနှုန်းတခုမှ ထိန်းမထားနိုင်​ရင်​ ​တောင်​သူ​တွေအတွက်​ အကျိုးရှိမှာမဟုတ်​သလို စာဝတ်​​နေ​ရေးအတွက်​လည်း အခက်​အခဲ​တွေ ရှိ​နေဦးမယ်​လို့ ဒီဗွီဘီကို​ပြောပါတယ်​။

ခုရက်​ပိုင်း​တွေ မြင်းခြံမြို့နယ်​မှာ ​နွေကြက်​သွန်​နီ ထွက်​ရှိနေပြီး ​ညောင်​ဦးမြို့နယ်​က ကြက်​သွန်​တွေလည်း မြင်းခြံဘက်​ကို ဝင်​​ရောက်​​နေတယ်​လို့ သိရပါတယ်​။

မြင်းခြံ​ရွှေဒင်္ဂါး ကြက်​သွန်​နီပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက "ခုရက်​ပိုင်း​တွေမှာ ​နွေ ကြက်​သွန်​​​တွေ နယ်​စုံက ဝင်​​ရောက်​​နေသလို ဈေးနှုန်းက ကျဆင်း​နေတယ်​၊ အ​ရောင်းအဝယ်​ကလည်း မ​ကောင်းဘူး။ ဒီနယ်​​တွေက အဓိက ရန်​ကုန်​ နဲ့ ​မော်​လမြိုင်​ကို တင်​ပို့​နေရတယ်​။ အဲ့ဒီမှာလည်း ကား​တွေ အဝင်​များ​တော့ ​ဈေးကအီ​နေတယ်​။ ခုရက်​ပိုင်း​တွေ တရုတ်​ဘက်​က​တော့ အနည်းငယ်​ ၀ယ်​ယူ​နေတာ​တွေရှိတယ်​။ ဒါ​ပေမယ့် ပြင်​ပနိုင်​ငံ​တွေဘက်​ကို များများထွက်​မှ အ​ရောင်းအဝယ်​က ပြန်​​ကောင်းလာမှာ၊ ​တောင်​သူ​တွေအ​နေနဲ့ စိုက်​ပျိုးစရိတ်​ကုန်​ကျမှုများ​နေပြီး ​ရောင်းချတဲ့​နေရာမှာ ​ဈေးနှုန်းအကျဘက်​ကသာ ​ရောင်းချ​နေရတာ​ကြောင့် အခက်​အခဲအများကြီး ရှိ​နေတယ်​” လို့ ပြောပါတယ်​။

မဟာသင်္ကြန်​ပွဲ​တော်​ နီးလာတာနဲ့အမျှ ကုန်​စည်​ပို့​ဆောင်​​ရေးအ​နေနဲ့ ကားခ​ဈေးနှုန်းတွေ မြင့်​တက်​လာပြီး အရင်က​ မြင်းခြံမှ ရန်​ကုန်​ကို ကြက်​သွန်​နီ ၁ ပိသာကို ၄၀ ကျပ်​နှုန်းနဲ့တင်​ပို့ခဲ့ရပြီး အခု ကားခ​ဈေးနှုန်းမှာ ကြက်​သွန်​နီ ၁ ပိဿာကို ၅၅ ကျပ်​မှ ၆၀ ကျပ်​နှုန်းနဲ့ တင်​ပို့​နေရတယ်​လို့ ဆိုပါတယ်​။

ဒီ​နေ့ အ​ရောင်အဝယ်​ပြုလုပ်​တဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ ၁ ပိဿာကို ၃၀၀ ကျပ်​မှ ၃၅၀ ကျပ်နှုန်းတို့နဲ့ အ​ရောင်းအဝယ်​ဖြစ်​ခဲ့ပြီး၊ မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ကြက်​သွန်​ပိဿာချိန်​ ၄ သောင်းလောက် ဝင်​​ရောက်​​တယ်​လို့ သိရပါတယ်​။

သတင်း၊ ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013