DVB Logo
Home
မြန်မာသတင်း
တပ်မတော်၊ NRPC တို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဧပြီလထဲ ဆွေးနွေးမည်
DVB
·
March 30, 2019
တပ်မတော်၊ NRPC တို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဧပြီလထဲ ဆွေးနွေးမည်
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့် ဧပြီလအတွင်းမှာ ဆွေးနွေးသွားမယ်လို့ မတ် ၂၉ ရက်နေ့က သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေ၊ မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဆက်တိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အခုလာမယ့် ဧပြီလအတွင်းမှာ KNPP နဲ့ တရားဝင် ဆွေးနွေးပွဲ တကြိမ် ပြုလုပ်မှာဖြစ်ပါတယ်။ NRPC နဲ့ ဆွေးနွေး၊ တပ်မတော်နဲ့ ဆွေးနွေးမယ်။ ဒါပြီးရင်တော့ NCA ရေးထိုးရေးကို ဦးတည်ပြီးသွားမယ်လို့ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) နဲ့ အကြမ်း ဖျင်းသဘောတူထားတယ်။”

ဧပြီလထဲမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင့်အမျိုးသားအစည်းအရုံး (KNU) တို့ဟာ NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ အရင်ဆုံး တွေ့ဆုံပြီး တပ်မတော်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာ ရှိတဲ့အတွက် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ သုံးပွင့်ဆိုင် ပထမဆုံး ဆွေးနွေးမယ်လို့လည်း သမ္မတရုံး ပြောခွင့်ရက ဆိုပါတယ်။

“SSPP နဲ့ RCSS ကြား၊ နောက် RCSS နဲ့ SSPP ပူးပေါင်းအဖွဲ့တွေကြား၊ နောက် တပ်မတော်ကြား အဲလို ထိတွေ့မှုတွေ ဖြစ်နေတဲ့အတွက် ကျေက်မဲနဲ့ သီပေါ ဒေသမှာရှိတဲ့ ပြည်သူတွေက တော်တော်ဒုက္ခရောက်နေတယ်။ ဒီလို ပြည်သူတွေ နေရပ်စွန့်ခွာပြီးသွားရတဲ့ အခက်အခဲတွေ ပြေလည်အောင်၊ သူတို့နေရာတွေ သူတို့ ပြန်နေနိုင်အောင် သုံးပွင့်ဆိုင်တွေ့ဖို့ အဆိုပြုထားတာရှိပါတယ်။ အထူးသဖြင့်ကတော့ တပ်မတော်နဲ့ SSPP နဲ့ RCSS သုံးပွင့်ဆိုင် ပထမ ဆွေးနွေးပါမယ်။ နောက်ရက်မှာ NRPC နဲ့ SSPP နဲ့ RCSS သုံးပွင့်ဆိုင် ထပ်ပြီးဆွေးနွေးသွားမယ်။ အထူးသဖြင့် တပ်နဲ့ ဆွေးနွေးမယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲက ဘာလဲဆိုတော့ တိုက်ပွဲတွေ မဖြစ်ပွားရေးအတွက် တပ်နေရာချထားရေးကိစ္စတွေကို အဲဒေသအတွင်းမှာ ဘယ်လို ညှိနှိုင်းဆောင်ရွက်မလဲဆိုတာ သဘောတူညီချက်ရအောင် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲလို ဆွေးနွေးပြီးသွားရင် အဲမှာ နေရပ်စွန့်ခွာတဲ့ ပြည်သူတွေအတွက် NRPC က ဦးဆောင်ပြီးတော့ ဆောင်ရွက်ဖို့အတွက် နောက်တရက်မှာ NRPC နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ အဆိုပြုထားတာရှိပါတယ်။ အဲပေါ်မှာတော့ ရက်ပြန်ညှိနတဲ့ အနေအထားရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013