DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 29, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပေါ်ဆန်း (ဆန်)

ပုသိမ်ကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပုသိမ်နဲ့ ဖျာပုံကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၆၃၀၀ ပေါက်ဈေးရှိပြီး ၂၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၃၄၀၀ ပေါက်ဈေးရှိပြီး ၂၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၇၉၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (ကြူကုတ်) က တပိသာကို ၂၃၅၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ တပိသာကို ၃၅၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁၃၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိသာဝင် တအိတ်ကို ၇၀၀၀၀ ကနေ ၉၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၈၀၀၀ ကနေ ၈၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ကုလားပဲက တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲတအိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းနဲ့ ပေါင်းတည်ကုန်စည်ဒိုင် ၁၀၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ပေါ်ဆန်းဆန်တွေကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ဝယ်လိုအားများနေပြီး အဝင်နည်းတဲ့အတွက် ဈေးက တက်လာခဲ့ပါတယ်။ သင်္ကြန်ကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ဆန်ဝယ်လိုအားကလည်း များနေတယ်လို့ သိရပါတယ်။

နောက်သီးနှံတခုဖြစ်တဲ့ ကုလားပဲဈေးကတော့ တပတ်အတွင်း ဈေးဆက်တိုက်ကျဆင်း နေခဲ့ပါတယ်။ ကုလားပဲအသစ်တွေက ဆက်တိုက် ဝင်ရောက်နေတာဖြစ်ပြီး အဝင်ရှိသလောက် အရောင်းအဝယ် မဖြစ်တဲ့အတွက် ဈေးက ကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013