DVB Logo
Home
မြန်မာသတင်း
စစ်ကွင်းမြို့တွင် ဆည်မြောင်းအတွင်း သစ်တင်ကား ထိုးကျ၊ ၃ ဦး သေဆုံး
DVB
·
March 29, 2019
စစ်ကွင်းမြို့တွင် ဆည်မြောင်းအတွင်း သစ်တင်ကား ထိုးကျ၊ ၃ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသ မင်းလှမြို့နယ် စစ်ကွင်းမြို့ စီတုန်းကျေးရွာအုပ်စု ရှားဖြူကွင်းရွာအနီး ခွက်မ-မကျည်းကွင်း ဆည်ဘောင်လမ်းပေါ်မှာ မတ် ၂၉ ရက်နေ့ မနက်ပိုင်းက ခွက်မဘက်ကနေ မကျည်းကွင်းရွာဘက်ကို သစ်၊ မီးသွေး၊ ၀ါးတွေ တင်လာတဲ့ကား ဆည်ဘောင်ပဲ့ကျပြီး ဆည်ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်တာကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့လည်း ကားမှောက်တယ်လို့ကြားတော့ သွားကြည့်ကြတာ သေနေတဲ့ သူ ၃ ယောက်ကို ရေထဲကနေ တင်ထားပြီးပြီ။ မီးသွေးအိတ်တွေ၊ ဝါးတွေကတော့ ရေနောက်မျောပါသွားတယ်၊ သစ်ကတော့ ပျဉ်ကတိုးလုံးနည်းနည်းပဲ တွေ့တယ်။ ဒီနားက ကားမှောက်တဲ့အချိန် ချက်ချင်းတွေ့လိုက်တဲ့ လူတွေကတော့ သစ်တွေ ၅ တန်လောက် ပါတယ်လို့တော့ ပြောတယ်။ ကားသမားကတော့ ထွက်ပြေးသွားတယ်၊ ကျနော်တို့ လာတော့ မရှိတော့ဘူး" လို့ အခင်းဖြစ်နေရာကို ရောက်ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကားပေါ်မှာ ယာဉ်မောင်း ချစ်တီးအပါအ၀င် သေခံ ၆ ဦးလိုက်ပါလာပြီး ကျော်လေး (၁၅) နှစ်၊ ဝေဖြိုးအောင် (၂၅) နှစ်နဲ့ ကျော်ဇင်ညွန့် (၂၃) နှစ်တို့ သစ်တုံးတွေပိသေဆုံးသွားပြီး ယာဉ်မောင်း ချစ်တီးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကွင်းရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ချစ်တီး (၃၅) နှစ်အား စစ်ကွင်းမြို့ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (ပေါ့ဆမှုကြောင့် လူသေစေမှု) နဲ့ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013