DVB Logo
Home
မြန်မာသတင်း
သရပါ အလုပ်သမားများ ပြန်လွတ်
DVB
·
March 29, 2019
သရပါ အလုပ်သမားများ ပြန်လွတ်
Donate to DVB

သရပါအလုပ်သမားအရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြဖို့  ညောင်ဦးမြို့နယ် ညောင်ဦးထောင်မှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အလုပ်သမားတွေ ဒီကနေ့ မနက်ပိုင်း ၈ နာရီက ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ HLOB အလုပ်သမားအဖွဲ့စည်းထံက သိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ကိုနေမျိုးဝင်းက “ကျနော်တို့ ထောင် ၁ လ ကျခဲ့တဲ့အပေါ်မှာ ခွန်အားကို ဖြည့်ပေးလိုက်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုရင် အလုပ်လည်း မတရားအထုတ်ခံရတယ်၊ အလုပ်ပြန်ရဖို့ တောင်းဆိုတဲ့ကြားက ထောင်ကျတယ်။ ဒီမတရားမှုကို မျက်ကွယ်ပြုထားမယ်ဆိုရင် ကျနော်တို့က သမိုင်းတရားခံဖြစ်မှာ၊ အဲဒါကြောင့် ဒီ အဓမ္မဝါဒကို လက်ကိုင်ထားတဲ့ လုပ်ငန်းရှင်ဟူသမျှကို နှစ်ဆတိုး ဆက်လက်တွန်းလှန် သွားမယ်” လို့ ပြောပါတယ်။

ပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာတဲ့ အလုပ်သမား ၆ ဦးကို HLOB မြို့နယ်လုံးဆိုင်ရာ ဟိုတယ်ချစ်သူ အလုပ်သမားအဖွဲ့အစည်းက အင်အား ၇၀ လောက်နဲ့ သပြေခက်၊ ပန်းကုံးတွေနဲ့ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

“ဒီလူတွေဟာ အလုပ်သမားတွေအတွက် ရှေ့ဆောင်လမ်းပြဆိုသလို အမှန်တရားအတွက် တွန်းလှန်ရင်း ဒီလိုဖြစ်သွားတဲ့အပေါ် စိတ်မကောင်းဖြစ်သလို ဂုဏ်လည်းယူပါတယ်။ ဧပြီ ၇ ရက်နေ့မှာ မန္တလေးတိုင်းအစိုးရ ဝန်ကြီးတွေကော အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနတွေကော လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့အတွက် အလုပ်ရှင်ကိုလည်း ဖိတ်ကြားထားတယ်၊ အလုပ်သမားတွေကော ဖိတ်ကြားထားတယ်” လို့ HIOB ဥက္ကဋ္ဌ ဦးသိန်းရွှေ က ပြောပါတယ်။

သရပါမှ အလုပ်ဖြုတ်ခံရသော အလုပ်သမားအရေးအတွက် ဦးဆောင်သူ ကိုနေမျိုးဝင်း အား ခွင့်ပြုချက်တင်ရန် ပျက်ကွက်မှု ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ စွဲဆိုထားတဲ့ အမှု ၃ မှုမှ ထောင်ဒဏ် ၁ လ အမိန့်ချခဲ့ပြီး နေပြည်တော်ကို ချီတက်ရန် စီတန်းလည့်လည်ခဲ့တဲ့ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၃ ဦးအနက်မှ တင်ဇော်ဝင်း၊ အောင်ဆန်းလင်း၊ ဟိန်းသူရဇော်၊ မမာလာစိုးနဲ့ မယမင်းထွန်းတို့အား ထောင်ဒဏ် ၁ လစီ မတ်လ ၁ ရက်နေ့က အမိန့်ချမှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013