DVB Logo
Home
မြန်မာသတင်း
ပဒိုဒေးဗစ်ထော၏ ဈာပနအခမ်းအနား ကျင်းပ
DVB
·
October 17, 2012
ပဒိုဒေးဗစ်ထော၏ ဈာပနအခမ်းအနား ကျင်းပ
1 / 2
Donate to DVB

အောက်တိုဘာ ၁၄ ရက်နေ့က ကွယ်လွန်သွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထောရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ပြီး ဂူသွင်းသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီဈာပန အခမ်းအနားကို ကရင်အမျိုးသားအစည်းရုံးရဲ့ ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေတွင်းက သေဘေးထမှာ ပြုလုပ်တာဖြစ်ပြီး နေ့ခင်း ၁၂ နာရီမှာ ၀တ်ပြုခြင်း အခမ်းအနားစတင်ပါတယ်။ ၀တ်ပြုခြင်းအပြီးမှာ စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းအရ အလေးပြုပြီးတာနဲ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာလို့ ကေအန်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး က ပြောပါတယ်။

ဒီဈာပနအခမ်းအနားကို ကေအန်ယူ ခေါင်းဆောင်တွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပဒိုဒေးဗစ်ထောဟာ   အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အကြား  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စတွေ ဆက်အကောင်အထည်ဖော်တဲ့အနေနဲ့ ဘားအံမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပြီး  အဆုတ်ရောဂါကုသဖို့ ရန်ကုန်က  အက်စ်အက်စ်စီ ဆေးရုံမှာ တက်ရောက်ကုသနေရင်း ကျန်းမာရေး အခြေအနေဆိုးရွားလာတဲ့အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ပို့ဆောင်ဆေးကုသရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူရဲ့ရုပ်ကလာပ်ကို ရန်ကုန်ကနေတဆင့် သယ်ဆောင်လာပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုဌာနချုပ်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013