DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် မုန်တိုင်းသဘာဝဘေး ကြိုတင်ပြင်ဆင်လေ့ကျင့်
DVB
·
March 29, 2019
ကလေးမြို့နယ်တွင် မုန်တိုင်းသဘာဝဘေး ကြိုတင်ပြင်ဆင်လေ့ကျင့်
Donate to DVB

မုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ရေဘေးအန္တရာယ်ကို ပြည်သူတွေ သတိရှိစေဖို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြစိမ်းစမ်းကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က သဘဘာဝဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါတယ်။

ကလေးဒေသခံ ပြည်သူတွေအနေနဲ့ သဘာဝဘေး ကျရောက်တွေ့ကြုံလာတဲ့အခါ ဘယ်နေရာမှာ လူစုရမယ်၊ ဘယ်နေရာ ရွှေ့ပြောင်းရမယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးယာဉ်တွေနဲ့ တည်းခိုရမယ့် နေရာတွေကို အဆင်သင့်ထား ဇာတ်တိုက်လေ့ကျင့်ပေးခဲ့တာပါ။

ကလေးမြို့နယ် စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးညီညီက "သဘာဝဘေး ဖြစ်လာတဲ့အခါ သက်ဆိုင်ရာက လေ့ကျင့်ပေးထားတဲ့ ပုံစံအတိုင်း လုပ်ဆောင်ပေးဖို့နဲ့ အဲ့ဒီအခါကျမှ သဘာဝဘေးက ထိခိုက်ခံရမှုနည်းမှာ ဖြစ်တယ်" လို့ ပြောပါတယ်။

မိုးဇလဌာန အနေနဲ့လည်း ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ပြီးနောက် အရင်ကနဲ့မတူဘဲ နိုင်ငံတကာ နည်းပညာ အသစ်တွေနဲ့ ပေါင်းစပ်တိုင်းတာ ထုတ်ပြန်တဲ့ သတင်းတွေကြောင့် ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ မိုးလေဝသ သတင်းတွေကို နားထောင်နိုင်ပြီလို့ ကလေးခရိုင် မိုးလေဝသနဲ့ ဇလဗေဒဌာန ဦးစီးမှူး ဦးတင်စိုးက ပြောပါတယ်။

ကလေးမြို့ဟာ ၂၀၁၅ ခုနှစ်က ရေကြီးမှုကြောင့် ကျေးရွာတွေနဲ့ ရပ်ကွက်တွေ  သဘာဝဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပါတယ်။

သဘာဝဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်တဲ့ မြစိမ်းစမ်းရွာဟာ ၂၀၁၅ ခုနှစ် ရေကြီးမှုကြောင့် ရွှံ့နွံတွေ ဖုံးအုပ်ခဲ့ပြီး လူနေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013