DVB Logo
Home
မြန်မာသတင်း
မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်တို့ သီဆိုသည့် ငြိမ်းချမ်းပါစေသီချင်း(ရုပ် သံ)
DVB
·
March 29, 2019
မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်တို့ သီဆိုသည့် ငြိမ်းချမ်းပါစေသီချင်း(ရုပ် သံ)
Donate to DVB

“ကမ္ဘာမြေငြိမ်းချမ်းပါစေ… ပန်းပွင့်တွေဆုတောင်းနေ… ကမ္ဘာမြေစိမ်းလန်းပါစေ… ကျေး ငှက်တို့တေးဆိုနေ”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး တေး ရေး၊ တေးဆို ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို နာမည်ကျော် အမျိုးသမီး တေးသံရှင် ၅ ယောက်ရဲ့ သီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ကမ္ဘာမြေစိမ်းလန်းပါစေ… နှလုံးသားတွေဆုတောင်းနေ… ကမ္ဘာမြေငြိမ်းချမ်းပါစေ… အား လုံးက တောင်းဆိုနေ”

ငြိမ်းချမ်းစိမ်းလန်းတဲ့ ကမ္ဘာမြေကြီး ဖြစ်လာစေဖို့ အားလုံးမှာ တာဝန်ရှိပြီး ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ ခွန်အားပေးနှိုးဆော်ပြီး ရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ တကယ့်ကို ကောင်းမွန်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

“အိုး..အိုး..အိုး..မိတ်ဆွေ… ဟေး..လာမိတ်ဆွေတို့ရေ… ကလေးငယ်များ ပျော်ပါစေ… ဟေး..လာမိတ်ဆွေတို့ရေ… မိခင်များပျော်ပါစေ… တို့ချစ်တဲ့ကမ္ဘာကြီးကျန်းမာပါစေ”

ခုတခါမှာလည်း ပုံစံမတူတဲ့ အသံပါဝါတွေနဲ့ နာမည်ကြီး အမျိုးသမီးအဆိုတော်တွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့ရဲ့ သီဆိုဟန်က ပုံစံ တမျိုးနဲ့ သဘောကျနှစ်ခြိုက်စရာ ဖြစ်နေခဲ့ပါတယ်။

ဒီသီချင်းရုပ်သံဗွီဒီယိုကိုတော့ ဒါရိုက်တာ Kina(Alpha Motion Pictures)က ရိုက် ကူးပုံဖော်ပေးထားတာဖြစ်ပြီး The Five Group က ဟာမိုနီသီဆိုပေးထားခဲ့တာ ဖြစ်ပါ တယ်။

သူတို့ ၅ ယောက် ပထမဆုံးပူးပေါင်းပြီး ဖျော်ဖြေတင်ဆက်မယ့် The 5ive Concert အမည်ရတဲ့ တေးဂီတဖျော်ဖြေပွဲကိုလည်း မတ်လ ၃၀ ရက်နေ့မှာ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013