DVB Logo
Home
မြန်မာသတင်း
ဘူးသီး​တောင်​​ ဖုံညိုလိပ်ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် ၆၀၀ ကျော်ရောက်ရှိ
DVB
·
March 29, 2019
ဘူးသီး​တောင်​​ ဖုံညိုလိပ်ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် ၆၀၀ ကျော်ရောက်ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ဘင်္ဂါလီကျေးရွာကို ဆင်သေပြင် ​ဘင်္ဂလီ​ကျေးရွာ၊ ထိပ်တူးပေါက်ဘဂါင်္လီကျေးရွာတွေက စစ်ဘေးရှောင် ၆၃၆ ဦးရောက်ရှိလာတယ်လို့ ဖုံညိုလိပ်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ဦးမောင်​သန်းနိုင်​က ​ပြောပါတယ်။

"မတ်​လ ၂၇ ရက်​နဲ့ ၂၈ ရက်​​တွေမှာ ဘဂါင်္လီစစ်​​ပြေးဒုက္ခသည်​ ၆၃၆ ဦး ဖုံညိုလိမ်​​ကျေးရွာ ဘဂါင်္လီ​ကျေးရွာကို ​ရောက်​ရှိ​နေပါတယ်​။ ​လော​လောဆယ်​​တော့ သူတို့ကို ဖုံညိုလိပ်​ ဘင်္ဂါလီကျေးရွာ​တွေမှာ ​နေရာချ​ပေးထားပါတယ်​။ တ​ရပ်​ကွက်​မှာ ၃၀/၄၀ ​ပေါ့​လေ။ သူတို့နဲ့ နီးစပ်​​ရာ​ဆွေမျိုး​တွေဆီမှာ ​နေကြသူ​တွေလည်းရှိတယ်။ လူကယ်​ပြန်​က​တော့ ဆန်​​တွေ လာ​ထောက်​ပံ့ပါတယ်​။ ဖုံညိုလိပ်​က ရခိုင်​ရွာသူ/သား​တွေက​တော အားလုံးနီးပါး ဘူးသီး​တောင်​မြို့က ဒုက္ခသည်​စခန်း​တွေနဲ့ နီးစပ်​ရာ​ဆွေမျိုး​တွေထံ ထွက်​​ပြေးသွားကြပါပြီ။"

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁ ရှိ ကျေးလက်ဆေးပေးခန်းအနီးမှာ မတ် ၂၅ ရက် ည ၆ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်လို့ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် ၂ ဦးနိုင်နိုင်အောင်ရဲ့ ဇနီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆင်​​သေပြင်​​ဘဂါင်္လီ​ကျေးရွာမှ ဘဂါင်္လီ ၃ ဦးလည်း လက်​နက်​ကြီး ကျည်​ထိမှန်​ပြီး ဒဏ်​ရာရရှိခဲ့​ကြောင်း ဆင်​​သေပြင်​​ကျေးရွာမှ မာမတ်​အီဆပ်​က ​ပြောပါတယ်။

"မတ် ၂၅ ရက်​​နေ့က လက်​နက်​ကြီး ကျည်​ကျလို့ ကျနော်​တို့ ဆင်​​သေပြင်​မှာလည်း ၃ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်​။ တိုက်ပွဲတွေကလည်း အဆက်​မပြတ်​ဖြစ်​​နေတယ်​ဆို​တော့ ကျနော်​တို့လည်း မ​နေရဲတောဘဲ အခုလိုထွက်​​ပြေးလာတာပါ။"

ဘူးသီး​တောင်​မြို့နယ် ​ဖုံညိုလိပ်ကျေးရွာမှာ ရခိုင်​ နဲ့ ဘဂါင်္လီ အိမ်​​ခြေ စုစု​ပေါင်း ၈၀၀ ​ကျော်​ရှိကာ ရခိုင်​ အိမ်​​ခြေ ၃၀ သာရှိ​ကြောင်း သိရပါတယ်​။ ၂၀၁၇ အကြမ်းဖက်​မှုဖြစ်​​စဉ်​ကြောင့် ဘင်္ဂလား​ဒေ့ရှိနိုင်​ငံဘက်​ကို ထွက်​သွားတဲ့ ဘဂါင်္လီမိသားစု မိသားစု ၃၀၀ ​ကျော်​ ထွက်​​ပြေးသွားကြတယ်လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013