DVB Logo
Home
မြန်မာသတင်း
တရားရေးအဆောက်အအုံများ လွှဲပြောင်းမည့်အစီအစဉ် ရှေ့နေများ ဆန္ဒပြ
DVB
·
October 17, 2012
တရားရေးအဆောက်အအုံများ လွှဲပြောင်းမည့်အစီအစဉ် ရှေ့နေများ ဆန္ဒပြ
Donate to DVB

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် တရားလွှတ်တော် အဆောက်အအုံနဲ့ တရားရုံးတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွှဲပြောင်းပေးပြီး ပြတိုက်နဲ့ ဟိုတယ်တွေအဖြစ် ပြောင်းလဲမယ့်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဗဟိုတရားရုံး လွှတ်တော်ရှေ့မှာ ရှေ့နေများ ကွန်ရက်က ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မနက် ၁၀ နာရီလောက်က စတင်ပြီး မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်း စီတန်းလှည့်လည်ကာ ကမ်းနားလမ်း စုပေါင်းရုံးကြီး အနောက်ဘက်မှာ စခန်းချ ဟောပြောကာ ကြေညာချက်များ ဖတ်ကြားခဲ့တယ်လို့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် ဦးကိုနီက ပြောပါတယ်။

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပေးအပ်တာကို မလိုလားဟု အဓိကထား ဖော်ပြထားသည့် ရှေ့နေများ ကွန်ယက်  သဘောထားကြေညာချက်ကို ရှေ့နေ ဦးအောင်သိန်းက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့ဟောင်းအမွေအနှစ်တွေ ပုဂ္ဂလိကပိုင်လုပ်တာကို မကျေနပ်ကြောင်း၊ ပြင်ဆင်ဖို့ စရိတ်မတတ်နိုင်ပါက ယူနက်စကိုထံ မေတ္တာ ရပ်ခံပေးမယ့်အကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ အသက် ၉၁ နှစ်အရွယ် ဦးသန်းတင်က ဟောပြောခဲ့ကြောင်း ဦးကိုနီက ဆိုပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုးက တံဆိပ်တော်ခွန်နှုန်းထား အဆ ၁၀၀ ကျော် တိုးမြှင့်လိုက်တဲ့အတွက် အမှုတန်ဖိုးကြီးတဲ့ ပစ္စည်းအတွက် တရားစွဲပါက တံဆိပ်ခေါင်းဖိုး ကုန်ကျစရိတ် တိုးမြှင့်လိုက်တာကို ပြန်စဉ်းစားပေးဖို့  ဟောပြောခဲ့ပါတယ်။

ဆန္ဒပြပွဲကို ရှေ့နေ ၁၅၀ သာ ခွင့်ပြုခဲ့ပေမယ့် ရှေ့နေ ၃၀၀ လောက် လာရောက်ခဲ့တဲ့အတွက် ကျန်တဲ့ ၁၅၀ က အားပေးသူအဖြစ်နဲ့ လိုက်ပါခဲ့တယ်လို့ ဦးကိုနီက ပြောပါတယ်။ ဆန္ဒဖော်ထုတ်မှုကို ၁၁ နာရီခွဲမှာ လူစုခွဲပြီး အဆုံးသပ်ခဲ့ကြပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013